ပါလိလေယျသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ဘုရားရှင် ငြင်းခုံ၍ မညီမညွတ်သော ကောသမ္ဗီမြို့သား ရဟန်းများကို စွန့်ခွါတော်မူပြီး ပါလိလေယျကရွာ၏အနီး ပါလိလေယျက တောအုပ်၌ သီတင်းသုံးတော်မူနေစဉ် အရှင်အာနန္ဒာဦးဆောင်၍ ရောက်ကြလာကြသော ရဟန်းတော် ငါးရာအနက် အညတရရဟန်း၏ အကြံအစီကိုအကြောင်းပြု၍ စူစမ်းပြီးမှ ဗောဓိပက္ခိယတရားတို့ကို ဟောကြားတော်မူပုံ၊ အဿုတဝန္တပုထုဇဉ်ပုဂ္ဂိုလ်သည်-

၁။ ရုပ်ကို အတ္တအားဖြင့်ရှုမြင်ပုံ၊

၂။အတ္တကို ရုပ်ရှိ၏ဟု ရှုမြင်ပုံ၊

၃။အတ္တ၌ ရုပ်ကိုရှုမြင်ပုံ၊

၄။ရုပ်၌ အတ္တကိုရှုမြင်ပုံ၊ ဤနည်းတူ နာမက္ခန္ဓာ တစ်ပါးစီ တစ်ပါးစီ၌ ရှုမြင်ပုံ ထိုရှုမြင်မှုသင်္ခါရသည် အဝိဇ္ဇာနှင့် ယှဉ်သော တွေ့ထိမှုဖဿကြောင့်ဖြစ်သော ဝေဒနာဖြင့် တွေ့ထိအပ်သော တဏှာကြောင့်ဖြစ်ပုံ၊ ထို သင်္ခါရ, တဏှာ, ဝေဒနာ, ဖဿ, အဝိဇ္ဇာတို့သည် အသီးအသီး “အနိစ္စ, သင်္ခတ, ပဋိစ္စသမုပ္ပန္နဖြစ်ပုံဟူသော “သက္ကာယဒိဋ္ဌိနှစ်ဆယ်” သဿတ ဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ, ဝိစိကိစ္ဆာဟူသောသင်္ခါရသည် အဝိဇ္ဇာနှင့်ယှဉ်သော တွေ့ထိမှုဖဿကြောင့်ဖြစ်သော ဝေဒနာဖြင့် တွေ့ထိအပ်သော တဏှာကြောင့်ဖြစ်ပုံ၊ ထိုသင်္ခါရ တဏှာ, ဝေဒနာ, ဖဿ အဝိဇ္ဇာတို့သည် အနိစ္စ, သင်္ခတ ပဋိစ္စသမုပ္ပန္နဖြစ်ပုံကို သိမြင်သော ဝိပဿနာဉာဏ်၏အခြားမဲ့၌ အရဟတ္တမဂ်ဉာဏ်ဖြစ်၏ဟု-နှစ်ဆယ့် သုံးပါးသောဌာနတို့ကို တစ်ပါးစီ တစ်ပါးစီ အကျယ်ဝေဖန်၍ ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဝံသနိုင်ငံ ကောသမ္ဗီမြို့တော်၌ ရဟန်းများ ငြင်းခုံမှုကို ၃-ရက်တိုင်တိုင် ဘုရားရှင်ဟောတော်မူသော်လည်း ငြင်းခုံမြဲငြင်းခုံမှုကြောင့် တစ်ပါးတည်း ရွာစဉ်အတိုင်း ကြွတော်မူပုံ၊ ဗာလကလောဏာကာရရွာ အရှင်ဘဂုထေရ်, ပါစီနဝံသ မိဂဒါယ အရှင်အနုရုဒ္ဓါအမှူးရှိသော မထေရ်သုံးပါးတို့အား တစ်ပါးတည်းနေခြင်း၏ အကျိုးကျေးဇူးတရားတို့ကို ဟောကြားတော်မူခဲ့ပုံ၊ ပါလိလေယျကတောအုပ်သို့ ကြွတော်မူပြီး တစ်ပါးတည်း သီတင်းသုံးတော်မူပုံအစရှိသော အတ္ထုပ္ပတ္တိနှင့်တကွ ဤသုတ်ကို ဟောတော်မူပုံအစရှိသော သိမှတ်ဖွယ်ရာများကို ဖွင့်ပြတော်မူပါသည်။ ဋီကာ၌လည်း မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပြည့်စုံစွာ ပါရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads