ပါသရာသိသုတ်
From Wikipedia, the free encyclopedia
Remove ads
ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့တော်အနီး ရမ္မကပုဏ္ဏား၏ သင်္ခမ်း ကျောင်း၌ အရိယပရိယေသနာနှင့် အနရိယပရိယေသနာတို့ကို အကျယ်ဟောကြားတော်မူပါသည်။ မိမိ၏ အနရိယပရိယေသနာကို ဟောတော်မူပြီး အရိယပရိယေသနာကို တောထွက်တော်မူပုံ၊ အာဠာရ, ကာလာမရသေ့နှင့် ရာမပုတ္တဥဒက ရသေ့ တို့ထံနည်းခံ၍ သမာပတ်ကိုးပါးကိုရခဲ့ပုံ၊၎င်းရသေ့များထံမှ ဖဲခွါခဲ့ပုံ၊ ပဓာနလုပ် ငန်းများအားထုတ်ပုံ၊ ဘုရားအဖြစ်သို့ရောက်တော်မူပုံ၊ ဗြဟ္မယာစနကထာ, ဥပက အာဇီဝကနှင့်တွေ့ခဲ့ပုံ၊ ဓမ္မစက္ကပဝတ္တန, အနတ္တလက္ခဏသုတ် ဒေသနာတော်များဖြင့် ပဉ္စဝဂ္ဂီရဟန်းတော်များ ရဟန္တာဖြစ်ပုံ၊
(က) ကျော့ကွင်း၌မိနေသော သမင်ကဲ့သို့ ကာမဂုဏ် ၅-ပါးတို့ကို သုံးဆောင်ကြသော သမဏ, ဗြာဟ္မဏတို့ အကျိုးမဲ့ပျက်စီး၍ မာရ်ယုတ်၏ အလိုရှိတိုင်း အပြုခံရပုံ၊
(ခ) ကာမဂုဏ်ငါးပါးတို့ကို အပြစ်ဟုရှုလျက် ဆင်ခြင်ဉာဏ်ရှိလျက် အသုံးပြုသော သမဏ, ဗြာဟ္မဏတို့ အကျိုးမဲ့ပျက်စီးခြင်းသို့ မရောက်ပဲ မာရ်ယုတ်၏ အလိုရှိတိုင်း ပြုလုပ်ခြင်းမခံရပုံ၊
(ဂ) မုဆိုးမမြင်ရာသို့ ရောက်နေသောသမင်ကဲ့သို့ သမာပတ် ၉-ပါးကိုရ၍ နိရောဓသမာပတ်ကို ဝင်းစား၍ ရဟန္တာအဖြစ်သို့ ရောက်သောရဟန်းသည် မာရ်ယုတ်၏မမြင်ရာသို့ရောက်ပုံကို ဇနပုဒ်မှ တရားနာရန်ရောက် လာကြကုန်သော ရဟန်းတော်ငါးရာတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဘုရားရှင်၏ အမူအရာကို အရှင်အာနန္ဒာ သိမြင်ပုံ၊ သာဝတ္ထိကျောင်းဒကာ, ကျောင်းအမတို့အား ချီးမြှောက်တော်မူပုံ, အစလစေတိယ ဌာန ၄-ပါး, ဘုရားရှင် ရေသုံးသပ်တော်မူပုံ, ပညတ္တာသနအစရှိသော သိမှတ်ဖွယ် များစွာနှင့်တကွ ဒေသနာတော်လာပုဒ်တို့၏ အဓိပ္ပါယ်များကို ဖွင့်ဆိုထားသည့် ဖွင့်ဆို ချက်များ များစွာရှိပါသည်။ [၁] [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads