ပိင်္ဂိယာနီသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော် မဟာဝုန်တော ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်-အုပ်စု(၄)စုရှိ လိစ္ဆဝီမင်းငါးရာတို့ ဘုရားရှင်ထံ ချဉ်းကပ်ရောက်သည့်အခါ ဘုရားရှင်၏ ဝဏ္ဏ, ယသအားဖြင့် အလွန်တင့်တယ်တော်မူသည်ကို ပိင်္ဂိယာနီပုဏ္ဏားက “ပဒ္မံ ယထာ” အစရှိသော ဂါထာဖြင့် လျှောက်ထားခြင်းကြောင့် ပိင်္ဂိယာနီပုဏ္ဏားအား လိစ္ဆဝီမင်းတို့က အပေါ်ရုံစုလျား ငါးရာဖြင့် လှူဒါန်းကြရာ ယင်းအပေါ်ရုံစုလျားငါးရာကို ပိင်္ဂိယာနီပုဏ္ဏားက မြတ်စွာဘုရားအား လှူဒါန်းပါသည်။ ဘုရားရှင်က “လောက၌ (၁) ဗုဒ္ဓရတနာ၊ (၂) တထာဂတပ္ပဝေဒိတ ဓမ္မရတနာကို ဟောပြောသည့်ပုဂ္ဂိုလ်၊ (၃) ယင်းဓမ္မဝိနယကို သိသောပုဂ္ဂိုလ်၊ (၄) သိသည့်အတိုင်း ဓမ္မာနုဓမ္မကိုကျင့်သောပုဂ္ဂိုလ်၊ (၅) ကတညူ, ကတဝေဒီပုဂ္ဂိုလ် ဟူသော ရတနာငါးပါးတို့ကို ရနိုင်ခဲကုန်၏”ဟု လိစ္ဆဝီမင်းတို့အား ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads