ပိဋကတ်တိုက်(ပုဂံ)

From Wikipedia, the free encyclopedia

ပိဋကတ်တိုက်(ပုဂံ)
Remove ads

ပိဋကတ်တိုက်သည် သရပါတံခါးအနီးတွင် ရှိသည်။ ၁၀၅၇ ခုနှစ်တွင် အနော်ရထာမင်း (၁၀၄၄ - ၁၀၇၇)သည် သုဝဏ္ဏဘုမ္မိ သထုံပြည်မှ ပိဋကတ် အစုံသုံးဆယ်ကို ဆင်ဖြူ သုံးကျိပ် နှစ်စီးဖြင့် ပုဂံပြည်သို့ ပင်ဆောင်ခဲ့ပြီးနောက် ပိဋကတ်တိုက်တွင် ထားရှိစေခဲ့သည်ဟု အစဉ်အလာ ဆိုကြလေသည်။

  • သာသနိကအဆောက်အအုံအမှတ်=၁၅၈၇/၈၉၉
Thumb
ပုဂံမြို့ အနော်ရထာမင်း ပိဋကတ်တိုက် (၁၀၅၈)

တည်ဆောက်ပုံ

အမြင့် ငါးပေမြင့်သော ပြာသာဒ်ငါးဆင့်ပါ အလင်းပေါက် သုံးပေါက်စီ သုံးဖက်သုံးတန် ကာရံထားသော အုတ်ရိုး အင်္ဂတေ အမိုး အုတ်တိုက် ဖြစ်သည်။ အရှေ့ဘက်တွင် တံခါးပေါက် သုံးပေါက်ရှိသည်။

ပိဋကတ်တိုက်သည် စတုရန်းပုံ ဖြစ်လေသည်။ တဖက်လျှင် ၅၁ ပေ ကျယ်သည်။ အရှေ့ဘက်မျက်နှာတွင် မုခ်သုံးခုရှိ၍ ကျန်သုံးဖက်တွင် ပြတင်းပေါက် သုံးပေါက်စီ ရှိသည်။ ထောင့်နံရံများရှိ ပြတင်းပေါက်များတွင် ခြင်္သေလည်ပြန်ပုံ ဖော်ထားလေသည်။

Thumb

ပိဋကတ်တိုက် အပေါ်ပိုင်းတွင်ကား အမိုးခုံးလျှောနှင့် ဘုံးငါးဆင့်ရှိ၍ ထုပိကာ တက်ထားလေသည်။ အမိုးစွန်းချင် မြိတ်တိုးများတွင် ထောင့်တုရင်ပန်းများဖြင့် တန်ဆာဆင်ထားသည်။ တိုက်အတွင်းသို့ ဝင်သွားသော် အခန်းဖွဲ့ထားသည်ကိုလည်းကောင်း တွေ့ရသည်။

ထိုအဆောက်အအုံ၌ ပုဂံခေတ်လက်ရာဟူ၍ ဇာပေါက်ပြတင်း၊ အမိုးခုံးလျှော၊ အတွင်းခန်းပေါင်းကူးတို့သာ ကျန်ရှိလေသည်။ ဘုံငါးဆင့်အထက်ရှိ ထုပိကာ၊ ထောင့်ဘုရင်၊ မုခ်ဝင်လှေကားတို့ကား နှောင်းခေတ်လက်ရာတို့ ဖြစ်သည်။ ထိုသည်တို့ကို ဘိုးတော်မင်းတရား (၁၇၈၁ - ၁၈၁၉) လက်ထက်တွင် ပြုပြင်ခဲ့သည်ဟု ဆိုကြသည်။

Thumb

[]

Remove ads

သမိုင်းကြောင်း

မနူဟာမင်းသည် သထုံမြို့ ရွှေစာရံဘုရား မဟာရံ တံတိုင်းအတွင်း ပိဋကတ္တိယစေတီ ဟု သမုတ်၍ ဥမင် ထားရှိကာ ထိုဥမင်၌ ပိဋကတ်သုံးပုံ တို့ကို ရဟန်းရှင်လူတို့ လိုက်စား ဖတ်ရှုနိုင်စေရန် ဖွင့်လှစ်ပေးထားခဲ့သည်။ ‌*ပိဋကတ်ဘုရားဖြစ်ပေါ်လာပုံ သုဝဏ္ဏဘူမိ သထုံပြည်တွင် ဓမ္မပါလမင်းလက် ထက်သာသနာ ၉၃၀ ပြည့်နှစ်သို့ရောက်သော အခါအရှင်မဟာ ဗုဒ္ဓဃောသမထေရ်သီဟိုဠ် ကျွန်းမှာ ပိဋကတ်သုံးပုံ ပါဠိတော်နှင့်အဋ္ဌက ထာ ကို မာဂဓဘာသာဖြင့်ရေးကူး၍ သုဝဏ္ဏ ဘူမိ သထုံပြည်သို့ ယူဆောင်ခဲ့သည်။ အရှင် မဟာ ဗုဒ္ဓဃောသမထေရ် စီးနင်းလိုက်ပါလာ သော သင်္ဘောဖောင်တော်သည်သုဝဏ္ဏဘူမိ ဆိပ်ကမ်းသို့ဆိုက်သဖြင့်ပြည်သူ၊လူ၊ရှင်၊ရဟန်း တို့စုံစမ်းမေးမြန်းကြသည်။ ပိဋကတ်တော်နိဗ္ဗာန် ကုန်ကိုသထုံပြည်သူတို့၏ အကျိုးငှာ ကူးယူ ဆောင်ကြဉ်းခဲ့ကြောင်းကိုသိကြလေ၏။ ထိုအခါ လွန်စွာဝမ်းမြောက်ကြကုန်လျက်၊ပူဇော် ကြပြီးလျှင်ပွဲသဘင်ကြီးစွာခံ၍ မင်းနှင့် တကွ ပြည်သူအပေါင်းသည်ပိဋကတ်တော်တင်လာ သောလှေ၊ဖောင်တော်ကိုသုဝဏ္ဏဘူမိမြို့၏ အနောက်မျက်နှာမြို့ရိုးသုံးထပ် ကျုံးသုံးထပ်ရှိသည်နေရာတွင် အပြင်ဘက်ဆုံးသော အထပ်ကျုံးသို့ရောက်အောင်ပင်လယ်မှ ဖောင်တော် ဝင်ရန် တောင်းပန်ကြကုန်၏၊ဖောင်တော်ဆိုက် ကပ်မိလျှင် စည်မောင်းပတ်သာ၊ တူရိယာမျိုး တို့ဖြင့် ၊ပူဇော်ကြွေးကြော်လျက်ပိဋကတ်တော် ကိုမြို့တွင်းသို့ ပင့်ဆောင်သည်။ ပြီးလျှင် စိရံ စေတီတော်(ရွှေစာရံ)မဟာရာမ် တံတိုင်း၏ အတွင်းမြောက်တံခါး၏အနီး၌ရတနာ(၇)ပါး ဖြင့်ပြီးသောမဏ္ဍပ်ကြီး ဆောက်လုပ်၍ ပိဋ ကတ်တော်ကို ကောင်းစွာထားလျက်ရဟန်းရှင် လူတို့ဖတ်ကြသည်။ ထို့နောက် ပြည်သူပြည် သားတို့သည် ပိဋကတ်တော်တို့ကို ရက်လည်အောင်ပူဇော်ကြလေကုန်၏၊ထိုနောက် ဓမ္မပါ လမင်းကြီးကလည်း ရတနာမဏ္ဍပ်နေရာတွင် အုတ်၊ကျောက်၊အင်္ဂတေ တို့ဖြင့် ဥမင်ကြီးတည်၍ အထက်တွင်စေတီဆင့်လျှက် ထို အတွင်း၌ ပိဋကတ်တော်များကို ထည့်သွင်း ပြီးသော် ထိုဥမင်စေတီတော်ကို ပိဋကတ္တယ စေတီဟု သမုတ်သည်။ ပြည်သူ၊လူ ရဟန်း တို့ သည် မည်သူမဆို ဥမင်တွင်းရှိ ပိဋကတ် တော်ကို ဖတ်နာသင်ကြားစေဟု အမိန့်ထုတ် ပြန်ထားသည်။ဤကဲ့သို့ပင်ထိုကာလ မှစ၍ သထုံပြည် ၌ ပိဋကတ်တော်ပြန့်ပွားလေ၏။ ပဋိပတ္တိ၊ပဋိဝေဓ တည်းဟူသော သာသနာတော်လည်း ထွန်းကားပြန်သည်။ ထိုပိဋကတ် ထားသော စေတီကို ယခုကာလ ပိဋကတ် ဘုရားဟုခေါ်ကြသည်။ အရှင်မဟာဗုဒ္ဓဃောသ မထေရ်ဖောင်တော်ဆိုက်၍ပိဋကတ်တော်ကို မြို့တော်သို့ပင့်ဆောင်ရာဆိပ်ကမ်း၌နောင်လာ နောင်သားတို့အမှတ်တရဖြစ်စေခြင်းငှာ၊စေတီ တစ်ဆူတည်ထားလေသည်။ ထိုစေတီကိုယခု ကာလဖောင်တော်ဦးဘုရားဟုခေါ်ကြသည်။[2] ၎င်းနှင့် ခေတ်ပြိုင် အနော်ရထာမင်း သည် အရဟံ မဟာထေရ် အကူအညီဖြင့် သာသနာ ပြုသော အခါ ဗုဒ္ဓသာသနာ ပြန့်ပွားရန် ပိဋကတ်သုံးပုံကို ရဟန်းရှင်လူ တို့ ဖတ်ရှုလေ့လာရန် လိုအပ်လာသည်။ ထို့နောက် မနူဟာမင်းထံမှ ပိဋကတ် သုံးပုံ ကို တောင်းခံသောအခါ မအောင်မြင်သော ကြောင့် ၁၀၅၇ ခုနှစ်ခန့်တွင် သထုံကို တိုက်ခိုက်၍ ပိဋကတ် အစုံ ၃၀ ကို ဆင်အစီး ၃၀ တွင် တင်ဆောင်ကာ ယူခဲ့သည်။ ပုဂံနေပြည်တော်တွင် ပိဋကတ်တော် တိုက်ကို ဆောက်လုပ်စေပြီး ရဟန်းရှင်လူတို့ ကို လေ့လာပွားများစေခဲ့သည်။ [] [2]ဦးစံဝင်း(သမိုင်းသုတေသန‌)၏သုဝဏ္ဏဘူမိ သုတေသနစာအုပ်

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads