ပိယသုတ်

From Wikipedia, the free encyclopedia

Remove ads

(၄)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို (ဆင်းရဲဒုက္ခ ရောက်အောင် ပြုလုပ်နေသကဲ့သို့၊ “ကိုယ့်ကိုယ်ကို ချစ်ပါသည်”ဟု ပြောဆိုနေကြသော်လည်း ဒုစရိုက်လုပ်ငန်းတို့ကို ပြောဆို ပြုလုပ်, ကြံစည်နေကြသူများသည် မိမိကိုယ်ကို မချစ်ကြသူများဖြစ်ကြပုံ၊

ချစ်သူတစ်ယောက်သည် ချစ်သူတစ်ယောက်၏ အကျိုးစီးပွားဖြစ်အောင် ပြုလုပ်ပေးသကဲ့သို့ ထို့အတူ “ကိုယ့်ကိုယ်ကို မချစ်ပါ”ဟု ပြောဆိုနေကြသော်လည်း သုစရိုက်လုပ်ငန်းတို့ကို ပြုလုပ်, ပြောဆို, ကြံစည်နေကြသောသူများသည် မိမိကိုယ်ကို ချစ်ကြသူများ ဖြစ်ပုံ”ဟူသော မိမိကြံစည်စိတ်ကူးသောအချက်တို့ကို ကောသလ ဘုရင်က ဘုရားရှင်အား လျှောက်ထားပါသည်။

ဘုရားရှင်က “မဟာရာဇာ ကြံစည်သည့်အတိုင်း မှန်ပေသည်”ဟု မိန့်ကြားတော်မူပြီး “အတ္တနဉ္စေ ပိယံ ဇညာ ... ပတိဋ္ဌာ ဟောန္တိ ပါဏိနံ”ဟူသော ၄-ဂါထာတို့ကို ဟောတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သီတင်းသုံးဖော်တို့၏ ချစ်ခင်မြတ်နိုး, လေးစား, တသသ သတိရ နေသော အာဝါသိကရဟန်း၏ အရည်အချင်း ၅-မျိုးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သီတင်းသုံးဖော်တို့၏ မချစ်ခင်, မမြတ်နိုး, အလေးဂရု မပြုအပ်, အမြဲသတိရနိုင်သော ရဟန်း၏အပြစ် ၇-မျိုး၊ သီတင်းသုံးဖော်တို့ ချစ်ခင် မြတ်နိုး အလေးဂရုပြုအပ်, အမြဲသတိရနေသောရဟန်း၏ အရည်အချင်း ၇-မျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[] အထက်သုတ်တော်အတိုင်း ရဟန်းနှစ်ပါး၏ အပြစ်နှင့်ဂုဏ် ၇-မျိုးတို့တွင် အမှတ် (၆-၇)တို့ကို ပြောင်းလဲ၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads