ပီကန်းဘာရူးမြို့
From Wikipedia, the free encyclopedia
Remove ads
ပီကန်ဘာရူးမြို့သည် အင်ဒိုနီးရှားနိုင်ငံ ရီအောပြည်နယ်၏ မြို့တော် ဖြစ်ပြီး ဆူမတြာကျွန်း အရှေ့ပိုင်း၏ အဓိက စီးပွားရေး ဗဟိုဌာနဖြစ်သည်။ မြို့အမည်မှာ မလေးဘာသာဖြင့် ပီကန်း ဆိုသည်မှာ ဈေး ဘာရူးဆိုသည်မှာ အသစ်ဖြစ်သဖြင့် ဈေးသစ်ဟု အဓိပ္ပာယ်ရသည်။ ဧရိယာအားဖြင့် ၃၂.၂၆ km2 (၁၂.၄၆ sq mi) ရှိပြီး ၂၀၁၀ လူဦးရေ စာရင်းအရ လူဦးရေ ၁,၀၃၅,၈၃၄ ဦး ရှိကာ ၂၀၁၉ အလယ်ပိုင်း တရားဝင် ခန့်မှန်းချက်အရ ၁,၁၂၁,၅၆၂ ဦး ရှိသည်။[၁][၂]မလက်ကာ ရေလက်ကြားသို့ စီးဝင်သော ဆီယက်မြစ်၏ ကမ်းပါးပေါ်တွင် တည်ရှိသဖြင့် ပီကန်းဘာရူးသည် စည်ကားသော ရေလက်ကြားကို တိုက်ရိုက်ဆက်သွယ်ထားကာ ရှေးယခင်ကပင် ကုန်သွယ်ရေးဆိပ်ကမ်းအဖြစ် သိကြသည်။ ပီကန်းဘာရူးအား ၁၈ ရာစုတွင် မီနန်းကာဘောင်းလူမျိုး ကုန်သည်များက ဈေးတစ်ခု အနေနှင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

လူတို့ အခြေချနေထိုင်သည်မှာ ၁၇ ရာစု ကတည်းက ဖြစ်သည်။၁၉ရာစုနှောင်းပိုင်းတွင် မြို့တော်သည် ကော်ဖီလုပ်ငန်း နှင့် ကျောက်မီးသွေး လုပ်ငန်းများအတွက် အထောက်အပံ့ ပေးရန် တည်ဆောက်ခဲ့ပြီး ဒတ်ချ်လူမျိုးတို့မှ စင်ကာပူနိုင်ငံ နှင့် မလက်ကာမြို့ တို့သို့ ကုန်စည်များ တင်ပို့နိုင်ရန် လမ်းများ ဖောက်လုပ်ခဲ့သည်။ မြို့တော်တွင် စူလတန် ဆာရစ်ဖ် ကာဆင် ၂ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆီယက် မြစ်ကမ်းတွင် တည်ရှိသောဆူနိုင်း ဒူကူး ဆိပ်ကမ်းတို့ ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads