ပီတကသိုဏ်း
From Wikipedia, the free encyclopedia
Remove ads
ပီတ - အဝါကသိုဏ်းကို ရှေးအတိတ် နီးသောဘဝက ပီတ - အဝါကသိုဏ်းရဖူးသော အထုံဝသီ ပါရမီ အဓိကာရရှိခဲ့လျှင် မပြုမပြင်ဘဲ ဝါဝါမြင်သမျှ အလုံးစုံသော ဝတ္ထုကိုပင် ကြည့်ရှု၍ အလွယ်တကူဖြင့် နိမိတ်ရနိုင်၏။ အထုံဝသီ ပါရမီ အဓိကာရ မရှိခဲ့လျှင် မိမိအထွာဖြင့် တစ်ထွာလောက် အလျားအနံကျယ်စွာ သစ်သားကို ယပ်ဝန်း၊ ရေအိုးဖုံးများကဲ့သို့ လက်ကိုင်စရာ အရိုးနှင့်တကွ ကသိုဏ်းဝန်းလုပ်၍ အဝါဆုံးဆေးကို အချောဆုံး အလှဆုံးဖြစ်အောင်သုတ်၍ အနား၌ အဝါရောင်ကို တောက်ထစေတတ်သော အနီဖြစ်စေ၊ အညိုဖြစ်စေ၊ အနက်ဖြစ်စေ၊ အဖြူဖြစ်စေ အမှတ်မရှိတစ်ခုခု ဒန်ပူပြား (ငွေမူးစေ့ခန့်) ဆေးမင်အနားပတ်တင်သားသုတ်လိမ်း၍ “အဝါ အဝါ” ဟု စိတ်ထဲကမှတ်၍ ကြည့်ရှု၍ နိမိတ်ယူရာ၏။

ဤအဝါကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် ပြင်ဘက်ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့်မြင်သောအတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ဥဂ္ဂဟနိမိတ်ထက် အဆအရာမက ဝါချောပြောင်ဝင်းလျက် အလွန်နှစ်သက်ဖွယ် ပတ္တမြားဝါယပ်ဝန်းကဲ့သို့ ထင်၏။ ဈာန်ပေါ်ပုံမှာ ပထဝီကသိုဏ်းနည်းအတိုင်း ထင်၏။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads