ပီတိသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ၊ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာမထေရ်၏ မေးလျှောက်ထားချက်အရ ဣန္ဒြေတို့သည် အထူးအားဖြင့် ကြည်လင်ခြင်း၊ မျက်နှာအဆင်း သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်နေခြင်းသည် တတိယဈာန်ချမ်းသာဖြင့် နေကြောင်း အရှင်သာရိပုတ္တရာ ဖြေကြားသည့်သုတ်။
[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဥပါသကာငါးရာခြံရံ၍ ဘုရားရှင်အား ရှိခိုးပြီး သင့်လျော်သောနေရာ၌ ထိုင်နေသော ကျောင်ဒါယကာ အနာထပိဏ်သူဌေးအား “ရဟန်းသံဃာတော်ကို ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးနေရုံမျှဖြင့် နှစ်သက်ကျေနပ်မှုကို မပြုလေလင့်၊ ရံဖန်ရံခါ ပဝိဝေကပီတိကို ပြည့်စုံနိုင်အောင်ကျင့်သုံး၍ နေရမည်” ဟု မိန့်ကြားတော် မူခြင်းကို အရှင်သာရိပုတ္တရာထေရ်က ထိုပဝိဝေကပီတိနှင့် နေရခြင်း၏ အကျိုးကျေးဇူး ငါးမျိုးနှင့် ပြည့်စုံနေပုံကို လျှောက်ထားပါသည်။
ဘုရားရှင်က အရှင်သာရိပုတ္တရာအား ချီးမွမ်းတော်မူပြီး ထိုပဝိဝေကပီတိနှင့် နေထိုင်ခြင်းကြောင့် ရရှိခံစားရမည့် အကျိုးငါးပါးကို ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads