ပုဂ္ဂလိကစေတာပနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ပုဂ္ဂလိကစေတာပနသိက္ခာပုဒ်
Remove ads

အမှု—ကျောင်းကိုရည်ညွှန်း၍ လှူအပ်သော ပုဂ္ဂလိကပစ္စည်း, ကိုယ်တိုင်တောင်း၍ ရအပ်သော ပစ္စည်း ၂-မျိုးဖြင့် ဆေးကို လဲစေမှု။

အမှုသည်—ထုလ္လနန္ဒာ။ []

ထုလ္လနန္ဒာနှင့် မဟာရာဇာ

ထုလ္လနန္ဒာသည် များသော အကြားအမြင်ရှိ၏၊ တရားတော်များကို အရဆောင်ထား၏၊ ရဲရင့်၏၊ တရားဟော ကောင်း၏၊ များစွာသော လူတို့သည် ထုလ္လနန္ဒာကို ဆည်းကပ်ကြလေ၏၊ ထိုအခါ၌ ထုလ္လနန္ဒာ၏ ကျောင်းသည် ပြိုကျနေ၏၊ လူတို့က “ဘာ့ကြောင့် ကျောင်းပြိုပါသနည်း”ဟု မေးလျှောက်သောအခါ ပြုပြင်မည့် ဒါယကာမရှိကြောင်းကို ပြောပြသဖြင့် ကျောင်းပြင်ဖို့ရာ သဘောတူသူ လူအများစုပေါင်း၍ ဆန်စသော ပရိက္ခရာကို ထုလ္လနန္ဒာအား လှူကြလေသည်၊ ထုလ္လနန္ဒာသည် ထိုလှူအပ်သောပရိက္ခရာ, မိမိကိုယ်တိုင်လည်း တောင်း၍ရသော ပရိက္ခရာ, ၂-မျိုးဖြင့် ကျောင်းမပြင်ဘဲ ဆေးကို လဲစေလေရာ, ထိုအကြောင်းကို ကြားသောလူတို့ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

Remove ads

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ အညဒတ္ထိကေန ပရိက္ခာရေန အညုဒ္ဒိသိကေန ပုဂ္ဂလိကေန သညာစိကေန အညံ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။

မြန်မာပြန်

အကြင်ဘိက္ခုနီသည် အခြားပစ္စည်းအတွက် လှူအပ်-အခြားပစ္စည်းကို ရည်ညွှန်း၍လှူအပ်သော မိမိပိုင်ပုဂ္ဂလိက ပရိက္ခရာ, ကိုယ်တိုင်တောင်း၍ ရအပ်သော ပရိက္ခရာ, ၂-မျိုးဖြင့် အလှူရှင် ရည်ညွှန်းအပ်သော ပရိက္ခရာမှ အခြားတစ်မျိုးကို လဲစေအံ့၊ ထိုဘိက္ခုနီမှာ နိဿဂ္ဂိ ပါစိတ်အာပတ်သင့်၏။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads