ပုဏ္ဏသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် အရှင်ပုဏ္ဏထေရ်၏ လျှောက်ထားချက်အရ “စက္ခုအစရှိသော ဝိညာဏ် ၆-ပါးတို့ဖြင့်သိအပ်ကုန်သော က္ကဋ္ဌ, ကန္တ, မနာပ, ပိယရူပ, ကာမူပသံဟိတ, ရဇနီယဖြစ်သော အာရုံ ၆-ပါးတို့၌ အလွန်အကဲ နှစ်သက်စွဲလမ်းကာ လွှမ်းမိုး၍တည်သောသူအား နှစ်သက်မှု “တဏှာ” ဖြစ်ပုံ၊ နှစ်သက်မှုတဏှာဖြစ်ခြင်းကြောင့် ဆင်းရဲဒုက္ခဖြစ်ပုံ၊ ယင်းအာရုံ ၆-ပါးတို့၌ နှစ်သက်မှုတဏှာချုပ်ခြင်းကြောင့် ဆင်းရဲဒုက္ခချုပ်ငြိမ်းပုံတို့ကို တစ်ပါးစီ တစ်ပါးစီ ဝေဖန်ပိုင်ခြား၍ ဘုရားရှင် (အလုပ်ပေးတရားကို) ဟောတော်မူပါသည်။
ဘုရားရှင်က သုနာပရန္တတိုင်းသားတို့နှင့် ဆက်ဆံရေး ကြမ်းကြုတ်ခက်ထန်ပုံ (၇)မျိုးကို မေးမြန်းတော်မူရာ၌ အရှင်ပုဏ္ဏထေရ်၏ သဘောထား (၇)မျိုး သီဟ နာလျှောက်ထားချက်ကို ဘုရားရှင်ကိုယ်တော်တိုင် သာဓုခေါ်တော်မူပြီး အရှင်ပုဏ္ဏထေရ်အား သုနာပရန္တတိုင်း၌ သီတင်းနေထိုင်ရန် ခွင့်ပြုတော်မူလိုက်ပါသည်။
အရှင်ပုဏ္ဏထေရ် သုနာပရန္တတိုင်း၌ သီတင်းသုံးတော်မူလျက် ထိုနှစ်ဝါတွင်း၌ အမျိုးသားငါးရာ, အမျိုးသမီးငါးရာတို့ ဥပါသကာငါးရာ, ဥပါသိကာငါးရာအဖြစ် ခံယူကြပါသည်။ ထိုဝါတွင်းမှာပင် ဝိဇ္ဇာဉာဏ်သုံးပါးကို မျက်မှောက်ပြုတော်မူ၍ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။
ရဟန်းတို့ မေးမြန်းလျှောက်ထားချက်အရ အရှင်ပုဏ္ဏထေရ် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုကြောင်းကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ၌ အရှင်ပုဏ္ဏထေရ်၏ အဋ္ဌုပ္ပတ္တိနှင့် သုနာပရန္တတိုင်းအကြောင်းတို့ကို ဖွင့်ဆိုထားသည့် အကျယ်ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads