ပုထိုးသားများဂူဘုရား

From Wikipedia, the free encyclopedia

ပုထိုးသားများဂူဘုရား
Remove ads

ပုထိုးသားများဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ (၁၀)ရာစုခေတ်က ညောင်ဦး စောရဟန်းမင်း၏ ကောင်းမှုဟု အစဉ်အလာရ မှတ်ယူကြလေသည်။ သို့ရာတွင် ဂူဘုရားပုံသဏ္ဌာန်ကို ထောက်၍လည်းကောင်း၊ အတွင်းနံရံရှိ မွန်စာတန်းများကို ထောက်၍လည်းကောင်း ဂူဘုရားတည်သော ခေတ်ကာလကို ၁၁ ရာစုခေတ်နှောင်းဟု သုတေသီများက ခန့်မှန်းကြလေသည်။

Thumb
ပုထိုးသားများဂူဘုရား
  • ​စေတီပုထိုးအမှတ်=၁၆၁၅/၉၁၃

ဗိသုကာ လက်ရာများ

ပုထိုးသားများဂူဘုရားသည် ထူပါ (ပုထိုး) ပေါက်ဂူ ဘုရားဖြစ်သည်။ တိုက်မ (ဂန္ဓကုဋိ) သည် စတုရန်းပေ ကိုးဆယ်ကျယ်သည်။ တစ်ဖက်တစ်ချက်တွင် ဇာပေါက်ပြတင်း ငါးခုစီရှိ၏။ အာရုံခံတန်ဆောင်းသည် ကျယ်ပြန့်၍ စတုရန်းပေ ရှစ်ဆယ့်နှစ် ရှိသည်။ အာရုံခံမုခ်သည် အရှေ့ဘက်သို့ လှည့်သည်။ မုခ်ပေါက် သုံးခုရှိ၍ မုခ်တံကဲများ တင့်တယ်လှပေသည်။

တိုက်မအထက် အလယ်ဗဟိုတွင် ပုထိုးတည်ထားလေသည်။ တည်ထားပုံမှာ မိုးလျှော၊ ပစ္စယာသုံးဆင့်၊ ထို့နောက် ဆယ့်နှစ်မြှောင့်ရှိ ခေါင်းလောင်းပုံ၊ ထိုနောက် ဓာတ်တော်တိုက်၊ ဖရုံတုံးခံပြီးလျှင် ဆယ့်နှစ်မြှောင်ရှိ ထီးရစ် (ဆတ္တဝလီ) ပေါက်ထားလေသည်။ ထိုအလယ်ပုထိုးကြီးအပြင် တိုက်မအထက်၌ ပုထိုးငယ်များလည်းရှိသည်။ ထိုကြောင့် ပုထိုးသားများဟု အမည်တွင်ခဲ့ဟန် တူလေသည်။ ဤတွင် သုတေသီအချို့ကမူ ပုထိုးသားများဟူသော ဝေါဟာရသည် စည်ပင်တိုးပွားခြင်း အနက်ထင်သည်။ ထိုဂူဘုရားသည် ပုဂံခေတ်ဦးဂူဘုရား ဖြစ်သည်နှင့်အညီ ဗုဒ္ဓသာသနာ စည်ပင်တိုးပွားလာခြင်း သဘောဆောင်သည်ဟု ဖွင့်ဆိုကြလေသည်။

ဂူဘုရားအတွင်း၌ စင်္ကြပတ်လမ်း ရှိသည်။ နံရံတွင် မွန်ဘာသာကမ္ဗည်းထိုး ဗုဒ္ဓဝင်ဆေးရေးကားများ ရှိ၏။ သာဓကအားဖြင့် ကာလဒေဝီလ ရသေ့က သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်မည်ဟု နိမိတ်ဖတ်ဟန်၊ သိဒ္ဓတ္ထမင်းသား လှေကစားဟန်၊ မြတ်စွာဘုရား ယမိုက်ပြဋိဟာ ပြဟန် ပန်းချီများ ဖြစ်သည်။ တစ်ဖန် တိုက်မ အထက်ရှိ ဂူငယ်များတွင်လည်း ကန်တော့ဟန်မူ နေသော မင်းရုပ်ပုံ ဆေးရေးပန်းချီများ ရှိလေသည်။

ဂန္ဓကုဋိအတွင်း ဝင်လိုက်သော်ကား တင်ပျဉ်ခွေ ရုပ်ပွားဆင်းတုကြီးကို ဖူးမြင်ရလိမ့်မည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads