ပုပ္ပါးတောင်ကလပ်

From Wikipedia, the free encyclopedia

ပုပ္ပါးတောင်ကလပ်
Remove ads

ပုပ္ပါးတောင်ကလပ်သည် မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည့် ဗုဒ္ဓဘာသာအဆောက်အဦများတည်ရှိရာ နေရာဖြစ်သည်။ ပုပ္ပါးတောင်၏ အနီးတွင် တည်ရှိကာ နတ်များပျော်စံရာ နတ်တောင် (နဂါးတောင်) အဖြစ် လူသိများသည်။ ရိုးရာနတ်ကိုးကွယ်မှုများကြီးစိုးပြီး ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းများလည်းရှိသည်။ ဒေသဆိုင်ရာ ရိုးရာကိုးကွယ်သော ပုပ္ပါးမယ်တော်ဟု တင်စားခေါ်ဝေါ်သည့် မယ်ဝဏ္ဏနှင့် ပုဂံခေတ် ပန်းဆက်ဝန်ထမ်း ကိုဗျတ္တတို့၏ အချစ်ဇာတ်လမ်းမှာလည်း ထင်ရှားသည်။ အဆောက်အဦများသည် မြင့်မားသည့် တောင်ထိပ်တွင် တည်ရှိကြသည်။ ဆေးဖက်ဝင် အပင်များပေါများရာ ဒေသဖြစ်ပြီး ဇော်ဂျီများဆေးကြိတ်သည်ဟုဆိုသော ဆေးကျောက်ပြင်မှာလည်း တောင်ကလပ်အထက်တွင် တည်ရှိသည်။

အချက်တိုများ ပုပ္ပါးတောင်ကလပ်, အချက်အလက်များ ...
Remove ads

ဖော်ပြချက်

အဆောက်အဦများသည် တောင်ကလပ်၏ထိပ်၂၂၅မီတာအမြင့်တွင်တည်ရှိသည်။ []ဤတောင်ကလပ်သည် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပါးတောင်ကြောင့် ပထဝီဆိုင်ရာ လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာသည်။ ဤနေရာသည် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ထင်ရှားသည့် နေရာဖြစ်ပြီး နတ်များပျော်စံရာနေရာအဖြစ် သိကြသည်။[] တောင်ထိပ်ရှိ သာသနိကအဆောက်အဦးများ ရှိရာသို့ လှေကားထစ် ၇၇၇ ထစ် [] ကို တက်သွားရသည်။ ထိုလှေကားထစ်များကို ရသေ့ကြီး ဦးခန္တီက တစ်ကြိမ်ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သည်။[]

Remove ads

ဓာတ်ပုံပြခန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads