ပုဗ္ဗေသမ္ဗောဓသုတ်
From Wikipedia, the free encyclopedia
Remove ads
(၃)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “အလောင်းတော်ဘဝ သဗ္ဗညုဘုရားရှင် မဖြစ်သေးမီက ပထဝီ, အာပေါ, တေဇော, ဝါယော-ဟူသော ဓာတ်ကြီးလေးပါးတို့တွင် တစ်ပါးပါးကို စွဲ၍ဖြစ်ပေါ်လာသော သုခ, သောမနဿသည် လောက၌ “အဿာဒ”၊ အနိစ္စ ဒုက္ခ, ဝိပရိဏာမဓမ္မသည်၊ လောက၌ “အာဒီနဝ”၊ ဆန္ဒရာဂကို ပယ်ဖျောက်နိုင်ခြင်း, ပယ်စွန့်နိုင်ခြင်းသည် လောက၌ “နိဿရဏ”ဟု ကြံစည်တော်မူခဲ့ပုံ။
အဿာဒကို အဿာဒအားဖြင့်, အာဒီနဝကို အာဒီနဝအားဖြင့် နိဿရဏကို နိဿရဏအားဖြင့်, အမှန်အတိုင်း ထိုးထွင်း၍ သိမြင်တော်မူသည့်အခါမှသာ ငါဘုရား သဒေဝက, သမာရက, သဗြဟ္မကဟူသော ဩကာသလောက၊ သမဏ ဗြာဟ္မဏ, သဒေဝမနုဿ-ဟူသော သတ္တလောက၌ အနုတ္တရသမ္မာသမ္ဗောဓိ”ကို ထိုးထွင်း၍ သိမြင်တော်မူပြီ”ဟု ဝန်ခံတော်မူပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။
[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “အလောင်းတော်ဘဝ သဗ္ဗညုဘုရားရှင် မဖြစ်သေးမီက အဇ္ဈတ္တိကာယတနခြောက်ပါးကို စွဲ၍ဖြစ်ပေါ်လာသော သုခ, သောမနဿသည် လောက၌ “အဿာဒ၊ အနိစ္စ၊ ဒုက္ခ၊ ဝိပရိဏာမဓမ္မသည် “အာဒီနဝ၊ ဆန္ဒရာဂကို ပယ်ဖျောက်နိုင်ခြင်း, ပယ်စွန့်နိုင်ခြင်းသည်“နိဿရဏ”ဟု အလောင်းတော်ဘဝ သဗ္ဗညုဘုရားရှင် မဖြစ်မီက ကြံစည်တော်မူခဲ့ပြီ။
အဿာဒကို အဿာဒအားဖြင့် အာဒီနဝကို အာဒီနဝအားဖြင့် နိဿရဏကို နိဿရဏအားဖြင့် အမှန်အတိုင်း ထိုးထွင်း၍ သိမြင်တော်မူပြီးရာအခါ၌ သဒေဝက, သမာရက, သဗြဟ္မကဟူသော ဩကာသလောက၊ သမဏ ဗြာဟ္မဏ, သဒေဝ မနုဿ-ဟူသော သတ္တလောက၌ “အနုတ္တရသမ္မာသမ္ဗောဓိ”ကို ထူးသော သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ထိုးထွင်း၍ သိမြင်တော်မူပြီ၊ အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ”ဟု ပစ္စဝေက္ခဏာဉာဏ်အမြင် ဖြစ်တော်မူပြီဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။
[၃] -ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် အထက်သုတ်တော်အတိုင်း ဗာဟိရာယတနခြောက်ပါးတို့၌ သိမြင်တော်မူပုံ၊ ဘုရားရှင်ဖြစ်ပြီး၊ နောက်ထပ် ဘုံဘဝတို့၌ မဖြစ်ရတော့ပြီ-ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads