ပုသိမ်မြစ်

စာရင်းနှင့်ဆိုင်သော ဝီကီပီးဒီးယားဆောင်းပါး From Wikipedia, the free encyclopedia

ပုသိမ်မြစ်
Remove ads

ပုသိမ်မြစ်သည် ဧရာဝတီမြစ်မြစ်ဝကျွန်းပေါ်ရှိ အကြီးဆုံးနှင့် အနောက်ဘက်အကျဆုံး မြစ်ခွဲဖြစ်သည်။ ပုသိမ်မြစ်ကို ငဝန်မြစ်ဟုလည်း ခေါ်သည်။

အချက်တိုများ ပုသိမ်မြစ်, အချက်အလက်များ ...

ပုသိမ်မြစ်သည် ဟင်္သာတမြို့အထက် မိုင်အနည်းငယ်ခန့် အကွာမှစ၍ ဧရာဝတီမြစ်၏ လက်ျာဘက်သို့ ခွဲထွက်ပြီးနောက် အနောက်တောင်ဘက်သို့ မိုင် ၂၀၀ခန့် ရှေးရှုစီးဆင်းလာကာ ဟိုင်းကြီးကျွန်းလိပ်ကျွန်းနှင့် အဂူအာဒါကျောက်တန်း မီးပြတိုက်တို့သို့ ဦးတည်လျက် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။

လေးမျက်နှာငသိုင်းချောင်းသာပေါင်း၊ ဘုရားကုန်း၊ ပုသိမ်ငပုတော စသည့် မြို့များသည်လည်း ပုသိမ်မြစ်ပေါ်တွင် တည်ရှိသည်။

ပုသိမ်မြစ်တွင်းသို့ ဒါးကမြစ်၊ ပန်းမဝတီမြစ်၊ သံတွဲမြစ်၊ တောင်ကလေးမြစ်နှင့် ကညင်ချောင်း၊ ဂတ်ချောင်း၊ ကွမ်းချောင်း၊ စစ္စရန်ချောင်းစသည်တို့ စီးဝင်သည်။[]

ပင်လယ်ကူးသင်္ဘောကြီးများသည် ပုသိမ်မြစ်အတွင်းသို့ မြစ်၀မှ ၇၅ မိုင်ဝေးသော ပုသိမ်မြို့အထိ ဆန်တက်နိုင်သည်။ မြစ်တွင်းသွား သင်္ဘောများမှာမူ မိုးရာသီ ရေပြည့်ချိန်၌ မြစ်တလျှောက် စုန်ဆန်သွားလာနိုင်သော်လည်း၊ နွေရာသီ ရေနည်းချိန်၌ သောင်ထွန်းသဖြင့် ငသိုင်းချောင်းမြို့အထက်တွင် လှေသမ္ဗာန်ကလေးများမှလွဲ၍ သွားလာခြင်းမပြုနိုင်ပေ။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads