ပေ

အလျား၏ ယူနစ် From Wikipedia, the free encyclopedia

Remove ads

ပေ(ပေါ်တူဂီ: အင်္ဂလိပ်: foot)သည် အရှည် (အလျားအနံ) ကိုတိုင်းသော ယူနစ်တခုဖြစ်ပြီး ဗြိတိသျှအင်ပါယာသုံး စနစ်ဖြစ်၏။ အတိုကောက် (')ဟူသော သင်္ကေတဖြင့်၎င်း၊ (ft)ဟူသော သင်္ကေတဖြင့်၎င်း ရေးလေ့ရှိသည်။ ၁၉၅၉ ခုတွင် အတည်ပြုသော နိုင်ငံတကာကိုက်နှင့်ပေါင်သဘောတူညီမှု (International Yard and Pound Agreement) အရ တပေတွင် ၀.၃၀၄၈ မီတာ အတိအကျရှိကြောင်း သတ်မှတ်ထားသည်။ တပေတွင် ၁၂ လက်မရှိပြီး တကိုက်တွင် ၃ ပေ ပါသည်။

သမိုင်းကြောင်းအရ ပေသည် ဂရိ၊ ရောမ၊ တရုပ်၊ ပြင်သစ်နှင့် အင်္ဂလိပ်တို့၏ ဒေသတွင်း အတိုင်းအထွာစနစ်အဖြစ် သုံးခဲ့သည်။ သို့သော် အရှည်မှာမူ တနိုင်ငံနှင့်တနိုင်ငံ တမြို့နှင့်တမြို့ မတူကြ။ ၁၆ လက်မပိုင်းသည်လည်း ရှိသည်။

အမေရိကန်သည် စက်မှုလုပ်ငန်းဖွံ့ဖြိုးသော နိုင်ငံများအနက် နိုင်ငံတကာသုံးပေနှင့် တိုင်းထွာရေးသုံးပေတို့ကို မီတာထက် အသုံးများသည့် တခုတည်းသော နိုင်ငံတည်း။ [] ယူနိုက်တက်ကင်းဒမ်းတွင် အင်ပါယာသုံးယူနစ်ကိုလည်း တရားဝင်အဖြစ် အသိအမှတ်ပြုထားသည်။ သို့သော် အဓိကသုံးသည်မှာ အရပ်တိုင်းသည့် တနေရာသာ ဖြစ်၏။ [][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads