ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်

From Wikipedia, the free encyclopedia

ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်
Remove ads

ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်, (北京首都國際機場; Beijing Capital International Airport) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အနီး အရှေ့မြောက်ဘက် ၃၂ ကီလိုမီတာ အကွာရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစ်သည်။ ဤလေဆိပ်သည် တရုတ်ပြည်တွင် အကြီးမားဆုံးဖြစ်ပြီး တရုတ်အလံတင်ထားသည့် အဲယားချိုင်းနား (Air China) လေကြောင်းကုမ္ပဏီ၏ ဗဟိုအချက်အချာ ဖြစ်သည်။

အချက်တိုများ ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်Beijing Capital International Airport北京首都国际机场北京首都國際機場 Běijīng Shǒudū Guójì Jīchǎng, အချက်အလက်များ ...

၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ် အားကစားပွဲတော်သို့ သွားရောက်ကြမည့် ခရီးသည်များ ပိုမိုအဆင်ပြေစေရန် သက်တောင့်သက်သာ ရှိစေရန် ပေကျင်းမြို့တော်လေဆိပ်တွင် တာမီနယ် ၃ ကို ထပ်မံ တိုးချဲ့ ဆောက်လုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် တာမီနယ် ၃ စတင်လည်ပတ် အသုံးပြုပြီးနောက် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် ခရီးသည်အများဆုံး၊ နံပါတ် ၁၈ မြောက် ကုန်တင်ကုန်ချ အများဆုံး၊ နံပါတ် ၂၁ မြောက် လေယာဉ် အဆင်းအတက် အများဆုံး လေဆိပ် ဖြစ်လာသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads