ပေါ်တူဂီ-မြန်မာစစ်ပွဲ
From Wikipedia, the free encyclopedia
Remove ads
နတ်သျှင်နောင်က သန်လျင်တွင် အုပ်ချုပ်ရမ်းကားနေသည့် ငဇင်ကာ အား တောင်ငူကိုသိမ်းရန် စာစေသဖြင့် ၁၆၁၂တွင် တောင်ငူကို ငဇင်ကာ တပ်များဖြင့် သိမ်းပိုက်ကာ တောင်ငူနန်းတော်ကို မီးတိုက်ဖျက်ဆီးသည်။ ထိုတိုက်ပွဲတွင် နတ်သျှင်နောင်၏ ညီတော်ဖြစ်သူ မင်းရဲကျော်စွာ ကျဆုံးခဲ့သည်။ ထိုသတင်းကို ကြားသည့် အင်း၀တပ်များ တောင်ငူသို့ ချီလာသော်လည်း ရမည်းသင်းအရောက်တွင် တောင်ငူကျ၍ နတ်သျှင်နောင် သန်လျင်သို့ ပါပြီဖြစ်ကြောင်း သိရသဖြင့် အင်း၀သို့ပြန်ရသည်။ ထိုနောက် နတ်သျှင်နောင်လည်း ငဇင်ကာနှင့် ပူးပေါင်း၍ သန်လျင်မှ ပုန်ကန်သောကြောင့် အနောက်ဘက်လွန်မင်း ချီတက်နှိမ်နှင်းရသည်။ ၁၆၁၂မှ စတင်သည့် တိုက်ပွဲများသည် ၁၆၁၃အရောက်မှ အောင်မြင်ကာ နတ်သျှင်နောင် နှင့် ငဇင်ကာတို့ကို ကွပ်မျက်စေသည်။ ထိုတစ်နှစ်ကြာတိုက်ပွဲများအတွင်း အင်း၀တပ်များသည် လက်နက်အစွမ်းသာသည့် ပေါ်တူဂီတပ်များကြောင့် များစွာအထိနာခဲ့ရသည်။ ဖမ်းဆီးရရှိသမျှ ပေါ်တူဂီအနွယ်တို့ကို စာရင်းကောက်ယူစေရာ လူ၄၀၀၊၅၀၀မျှရှိသည်။ ထိုသူတို့ကို အင်းဝမြောက်ဘက်တွင် အကွက်ချ၍ နေထိုင်စေသည်။ နောင်တွင် ဘရင်ဂျီများ ဟုခေါ်ဝေါ်ကြသည်။ နတ်ရှင်နောင်သည် သူ့ထီးနန်းကို သိမ်းယူသော အနောက်ဘက်လွန်မင်းအား ပုန်ကန်ခြားနားရာတွင် ငဇင်ကာ၏ အကူအညီကိုရယူခဲ့သည်။ နောင်ပုန်ကန်မှုကို မပြုလျှင် ခွင့်လွှတ်၍ ယခင်အတိုင်း လက်အောက်ခံဘုရင်အဖြစ် ပြန်ထားမည်ဟု အနောက်ဘက်လွန်မင်းက ပြောသော်လည်း မတောင်းပန်သဖြင့် မြို့လယ်တွင် ငဇင်ကာနှင့်အတူ ကားစင်တင်၍တံကျင်ထိုးကာ ကွပ်မျက်ခံခဲ့ရသည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
Remove ads
ဆက်စပ်စာမျက်နှာများ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads