ပဲန်မြန်မာ

From Wikipedia, the free encyclopedia

Remove ads

ပဲန်မြန်မာ ဆိုသည်မှာ ကဗျာဆရာများ၊ စာရေးဆရာများ၊ အယ်ဒီတာများနှင့် ထုတ်ဝေသူများ စုစည်းဖွဲ့စည်းထားသော စာပေအနုပညာနှင့်လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပဲန်အင်တာနေရှင်နယ် [] ၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

အချက်တိုများ ဆောင်ပုဒ်, ဖွဲ့တည်ချိန် ...
Remove ads

သမိုင်းကြောင်း

ပဲန်မြန်မာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်(အမျိုးသားနေ့)တွင် ပထမအကြိမ် ညီလာခံကျင်းပ၍ သတင်းထုတ်ပြန်ချက်(၅/၂၀၁၃)ထုတ်ပြန်၍ တရားဝင်စတင်ဖွဲ့စည်းခဲ့သည်။ [] ပဲန်မြန်မာ၏ နှစ်ပတ်လည် ညီလာခံများကို နှစ်စဉ်ကျင်းပခဲ့ပါသည်။ ပဲန်မြန်မာ၏ ပထမအကြိမ် ညီလာခံတွင် ပဲန်မြန်မာ၏ ဥက္ကဋ္ဌအဖြစ် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ရွေးကောက်တင်မြောက်ခံခဲ့ရပြီး အတွင်းရေးမှူးအဖြစ် စာရေးဆရာ နေဘုန်းလတ်က ရွေးကောက်တင်မြှောက်ခံခဲ့ရပါသည်။ [] ပဲန်မြန်မာ၏ ၂၀၁၃-၂၀၁၆ ဒါရိုက်တာအဖွဲ့သက်တမ်းတွင် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး အပါအဝင် ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးပါဝင်ခဲ့ပါသည်။ ၂၀၁၃-၂၀၁၆ ဒါရိုက်တာအဖွဲ့သက်တမ်းအတွင်းတွင် အတွင်းရေးမှူး၊ နေဘုန်းလတ်သည် ၂၀၁၅ ခုနှစ် မြန်မာ့အထွေထွေရွေး​ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့သောကြောင့် ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့အဖြစ်မှလည်းကောင်း၊ အတွင်းရေးမှူးအဖြစ်မှလည်းကောင်း အနားယူခဲ့ပါသည်။ ထိုကာလအတွင်း ဒါရိုက်တာအဖွဲ့ဝင် ကဗျာဆရာ စောဝေက ယာယီအတွင်းရေးမှူးအဖြစ် တာဝန် ယူခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့သည့် ပဲန်မြန်မာ၏ နှစ်ပတ်လည်ညီလာခံတွင် ၂၀၁၆ - ၂၀၁၉ ဒါရိုက်တာအဖွဲ့သက်တမ်းတွင် ပြန်လည်ရွေးကောက်ခဲ့ရာတွင် ပဲန်မြန်မာ၏ ဥက္ကဋ္ဌအဖြစ် အယ်ဒီတာ မျိုးမြင့်ညိမ်းက ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး အတွင်းရေးမှူးအဖြစ် စာရေးဆရာ၊ အယ်ဒီတာ ဟန်ဇော်/ဟန်ဆန်းက ရွေးကာက်တင်မြှောက်ခံခဲ့ရပါသည်။ ၂၀၁၆-၂၀၁၉ ဒါရိုက်တာအဖွဲ့သက်တမ်းတွင် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးအပါအဝင် ဒါရိုက်တာအဖွဲ့ဝင် ၉ ဦး ပါဝင်ပါသည်။


၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ (၂၈) ရက်နေ့တွင် ကျင်းပသော ပဲန်မြန်မာ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အထွေထွေညီလာခံတွင် ဒါရိုက်တာအဖွဲ့ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ စာရေးဆရာ ညီပုလေး က ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ စာရေးဆရာ မြေမှုန်လွင်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ စာရေးဆရာ ဟန်ဇော်/ဟန်ဆန်းက ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ စာရေးဆရာမ မိချမ်းဝေ၊ ဆရာ စောဝေ၊ ဆရာမ ချောအိမာန် (မန္တလေး)၊ ဆရာ သီဟသွေး၊ ဆရာမ နန်းကြာဖြူ (ဘားအံ)၊ ဆရာ သူရဿဝါ တို့က ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။[]

Remove ads

ဥက္ကဋ္ဌ

နောက်ထပ် အချက်အလက်များ ပဲန်မြန်မာဥက္ကဋ္ဌများ ...

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads