ပဲပြုတ်

From Wikipedia, the free encyclopedia

ပဲပြုတ်
Remove ads

စားတော်ပဲကို ပြုတ်ထားသော အစားအစာကို စားတော်ပဲပြုတ် သို့မဟုတ် ပဲပြုတ်ဟု ခေါ်သည်။ စားတော်ပဲပြုတ်ကို မြန်မာပြည်တစ်ဝှမ်းတွင် ကျယ်ပြန့်စွာ စားသုံးကြသည်။ စားတော်ပဲပြုတ် ပြုလုပ်ခြင်းသည် အဆင့်ရှည်ကြာသော လုပ်ငန်းစဉ်တစ်ခု ဖြစ်၍ အများအားဖြင့် ကိုယ်တိုင် ချက်ပြုတ်ခြင်း မပြုကြဘဲ စားတော်ပဲပြုတ်သည်ထံမှ ဝယ်ယူစားသုံးကြသည်။ စားတော်ပဲပြုတ်ရောင်းသော ဈေးသည်ကို ပဲပြုတ်သည် ဟုခေါ်သည်။ အများအားဖြင့် ပဲပြုတ်သည်များသည် မနက်စောစောတွင် အရပ်အတွင်း လှည့်လည် ရောင်းချတတ်သည်။ ရန်ကုန်မြို့တွင်မူ ညနေဘက်တွင် ရောင်းချသော ဈေးများတွင် ဝယ်ယူရရှိနိုင်သလို ညနေဘက်တွင် လှည့်လည်ရောင်းချသော ပဲပြုတ်သည်များလည်းရှိသည်။

Thumb
Garden pea sprouts ready to be boiled


ပဲပြုတ်ကို နူးအိရန် ပြုန်ရောအချိန်မှာ ကြာမြင့်လေ့ ရှိသောကြောင့် အချိန်နှင့် စွမ်းအင်ကို ခြွေတာနိုင်ရန်အတွက် ဖိအားသုံးပေါင်းအိုး(Pressure cooker) များကို အသုံးပြု၍ မြန်ဆန်စွာ ပေါင်း/ပြုတ် နိုင်ပါသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads