ပံ့သကူ
『ပံ့သကူ ပစ်ခြင်း ဆိုသည်မှာ』 ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့ ပစ္စည်း ၊ အလိုအလျှောက် ရရှိလာတဲ့ ပ From Wikipedia, the free encyclopedia
Remove ads
ပံ့သကူ (အသံထွက်: /ပန့်သှဂူ/ ) ကို ပါဠိဝေါဟာရဖြင့် ပံသုကူလ[၁] ဟုခေါ်ဆိုကာ စွန့်ပစ်ထားသည့် သင်္ဃန်း ဟူ၍ အနက်ရရှိသည်။[၂]
ယင်း သင်္ကန်းကို- လမ်း, သုသာန်, အမှိုက်ပုံ စသည်တို့တွင် တစ်စုံတစ်ခုသော အရပ်ဝယ် မြေမှုန့်တို့၏ မြင့်မောက်ခြင်းကဲ့သို့ မို့မောက်မြင့်တက်စွာ တည်ရှိသောကြောင့်၎င်း, မြေမှုန့်ကဲ့သို့ စက် ဆုပ်ဖွယ် ဖြစ်သောကြောင့်၎င်း “ပံသုကုလ = ပံသုကူ”ဟု ခေါ်ဆိုရသည် [၆]၊ ပံသုကူသင်္ကန်းသည် တန်ဖိုးနည်းခြင်း ရလွယ်ခြင်း အပြစ်ကင်းခြင်း ဂုဏ်တို့နှင့် ပြည့်စုံသည် [၇]။ [၈]
Remove ads
ပံသုကူသင်္ကန်း ပြုလုပ်ကောင်းသော အဝတ်များ
- (၁) သင်းချိုင်း၌ စွန့်ပစ်ထားသော အဝတ်၊
- (၂) ဈေးတံခါး၌ စွန့်ပစ် ကျရစ်သော အဝတ်၊
- (၃) ကုသိုလ်ကောင်းမှု လိုလားသူတို့ လမ်း၌ စွန့်ပစ်ထားသော အဝတ်၊
- (၄) အမှိုက်ပုံ၌ စွန့်ပစ်ထားသော အဝတ်၊
- (၅) ကိုယ်ဝန်ဆောင်တို့ သားဖွားသောအခါ ကိုယ်ဝန်အညစ်အကြေးကိုသုတ်၍ ပစ်ထားသော အဝတ်၊
- (၆) ဘုတ်ဆေး သမားတို့သည် (မကျန်းမာသောသူကို) ဦးခေါင်းနှင့်တကွ ရေချိုးပြီးသော် “ကျက်သရေမဲ့သော အဝတ်ဟု သဘောထားကာ စွန့်ပစ် ထားသော အဝတ်၊
- (၇) ရေချိုးဆိပ်၌ စွန့်ပစ်ထားသော အဝတ်၊
- (၈) အသုဘ လိုက်ပို့သောအခါ ဝတ်ဆင်သောအဝတ်ကို “အမင်္ဂလာအဝတ်”ဟု အမှတ်ပြုကာ စွန့်ပစ်ထားသော အဝတ်၊ (သူသေကောင်ကို ဖုံးလွှမ်းထားသည့် သုသာန်မှ ပြန်ယူအပ်သော အဝတ်။ [၉])
- (၉) မီးလောင်စု ရှိ၍ စွန့်ပစ်ထားသော အဝတ်၊
- (၁၀) နွား ဝါးရာ ရှိ၍ စွန်ပစ်ထားသော အဝတ်၊
- (၁၁) ခြစားရာရှိ၍ စွန့်ပစ်ထားသော အဝတ်၊
- (၁၂) ကြွက်ကိုက်ရာရှိ၍ စွန့်ပစ်ထားသော အဝတ်၊
- (၁၃) အနားပြတ်၍ စွန့်ပစ်ထားသော အဝတ်၊
- (၁၄) အမြိတ်အဆာပြတ်၍ စွန့်ပစ် ထားသော အဝတ်၊
- (၁၅) လှေသင်္ဘောဖြင့် သွားသူတို့ ဆိပ်ကမ်း၌ စိုက်ထူဖွဲ့ချည်ထားသော အလံတမ်းခွန်၊ စစ်တိုက်သူတို့ စစ်မြေ ပြင်၌ စိုက်ထူဖွဲ့ချည်ထားသော အလံတမ်းခွန်၊
- (၁၆) တောင်ပို့ကိုပတ်၍ ယစ်ပူဇော်ထားသော အဝတ်၊
- (၁၇) ရဟန်းတို့ စွန့်ပစ် ထားသော အဝတ်သင်္ကန်း၊
- (၁၈) မင်း ဘိသိက်ခံရာ အရပ်၌ စွန့်ပစ်ထားသော အဝတ်၊
- (၁၉) တန်းခိုးဖြင့်ပြီးသော “ဧဟိ-ဘိက္ခု”သင်္ကန်း၊
- (၂၀) လမ်း၌ကျရစ်သော အဝတ်၊ (ခရီးသွားသောသူတို့သည် သူခိုး ဓားပြဘေးကြောင့် ဝတ်ရုံပြီး စွန့်ပစ်ထားသော သင်္ကန်း။ [၁၀]
- (၂၁) လေတိုက်ခတ်၍ အဝေးသို့လွင့်ပါ လာသော အဝတ်၊
- (၂၂) နတ် လှူဒါန်းသော အဝတ် သင်္ကန်း၊
- (၂၃) သမုဒြာလှိုင်းတံပိုးကြောင့် ကမ်း၌တင်နေသော အဝတ်-တို့ ဖြစ်ပေသည်။ [၁၁]။ [၈]
Remove ads
ပံသုကူဓုတင်ဆောင်ပုံ
ပံသုကူဓုတင်ဆောင် ပုဂ္ဂိုလ်သည် ပြဆိုပြီး ၂၃-မျိုးသော အဝတ်သင်္ကန်းတို့တွင် တစ်မျိုးမျိုးကို ကောက်ယူပြီး ဆွေးမြေ့သည့် အပိုင်းကို ပယ်, ခိုင်ခံ့သည့်အပိုင်းကို ဖွပ်လျှော်ကာ သင်္ကန်းချုပ်၍ ဝတ်ရုံသုံးဆောင် ရသည် [၁၂]။
ပံသုကူဓုတင်ဆောင်လိုသော ပုဂ္ဂိုလ်သည် “ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ၊ ပံသုကူလိကင်္ဂံ သမာဒိယာမိ = ဒါယကာလက်ရောက် လှူသောသင်္ကန်းကို ပယ်ပါ၏၊ ပံသုကူသင်္ကန်းကို ဆောင်လေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါ “စေတနာ”ကို ဆောက်တည်ပါ၏”ဟု ဆောက်တည်ရသည်။ စကား ၂-မျိုးတွင် တစ်မျိုးမျိုးဖြင့်လည်း ဆောက်တည်ကောင်းသည် [၁၃]။[၈]
Remove ads
ပံသုကူဓုတင်အမျိုးအစားများ
- ပံသုကူဓုတင်ဆောင်ပုဂ္ဂိုလ်သည် အမြတ်စား “ဥက္ကဋ္ဌ” ပုဂ္ဂိုလ်၊
- အလယ် အလတ် စား “မဇ္ဈိ”ပုဂ္ဂိုလ်၊
- အနိမ့်အညံ့စား “မုဒု” ပုဂ္ဂိုလ်ဟု ၃-မျိုး ၃-စား ရှိသည်။
သင်းချိုင်း စသည်၌ ရည်ညွှန်းငဲ့ကွက်မှုမရှိ “နိရာပေက္ခ” စွန့်ပစ်ထားသည်ကို ကောက်ယူသုံးဆောင်သော ပုဂ္ဂိုလ်သည် ဥက္ကဋ္ဌဓုတင်ဆောင်ပုဂ္ဂိုလ် မည်၏၊
“ရဟန်းများ ကောက်ယူကြလတ္တံ့”ဟု ရည်ရွယ်ကာ စွန့်ပစ်ထားသည်ကို ကောက်ယူ သုံးဆောင်သော ပုဂ္ဂိုလ်သည် မဇ္ဈိမဓုတင်ဆောင် ပုဂ္ဂိုလ်မည်၏၊
မိမိကို ရည်ရွယ်ကာ ခြေရင်း၌ သဒ္ဓါကြည်ဖြူ ပေးလှူစွန့်ပစ်ထားသည်ကို ကောက်ယူသုံးဆောင်သော ပုဂ္ဂိုလ်သည် မုဒုဓုတင်ဆောင် ပုဂ္ဂိုလ်မည်၏ [၁၄]။[၈]
ဘုရားရှင်ကိုယ်တိုင် ပံသုကူကောက်
မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ပဌမ ဝါကပ်တော်မူပြီးနောက် ဒေသစာရီ ကြွချီတော်မူရာ ဥရုဝေလတော အရောက်တွင် တစ်နေ့သောအခါ သေနာနိဂုံးသူ ပုဏ္ဏာ မည်သောကျွန်မ ကွယ်လွန်အနိစ္စရောက်၍ ပိုက်ဆံလျော်ဖြင့် ရက်အပ်သောအဝတ်ဖြင့် ရစ်ပတ်လျက် သုသာန်၌ပစ်ထားရာ ကိုယ်တော်တိုင် တပြည်သားခန့်ရှိသော ပိုးလောက်တို့ကို ဖယ်ရှားက ပိုက်ဆံလျော်အဝတ်ကို ပံသုကူ သင်္ကန်းအဖြစ် ကောက်ယူတော်မူသည်[၁၅]။ [၈]
ဝါတော် ၂၀တိုင် ပံသုကူသင်္ကန်းသာ အသုံးပြု
ဘုရားဖြစ်သည်မှ စ၍ ဝါတော် ၂၀-တိုင်အောင် ဘုရားရှင်နှင့်တကွ ရဟန်းတော်များသည် “ပံသုကူသင်္ကန်း”ကိုသာ ဝတ်ရုံသုံးဆောင်တော်မူကြသည်၊ ဝါတော် ၂၀-ကျော် မှ ဆရာဇီဝက၏ တောင်းပန်လျှောက်ထားမှုကြောင့် “ဂဟပတိစီဝရ”ခေါ် ဒါယကာတို့ လှူဒါန်းသောသင်္ကန်းကို ဝတ်ရုံသုံးဆောင်တော်မူကြသည် [၁၆]။ [၈]
ပံသုကူဓုတင် ဆောင်ခြင်းကြောင့် ရရှိသောအကျိုးများ
- (၁) “ပံသုကူလစီဝရံ နိဿာယ ပဗ္ဗဇ္ဇာဟူသော ဘုရားရှင်၏ ဩဝါဒ စကားနှင့်အညီ သင်္ကန်းဟူသောမှီရာနိဿယနှင့် လျော်သောအကျင့် ပဋိပတ်ရှိခြင်း၊
- (၂) သင်္ကန်း၌ ရောင့်ရဲခြင်းဟူသော “ပဌမအရိယ ဝံသ”တရား၌ တည်သည်မည်ခြင်း၊
- (၃) စောင့်ရှောက်မှု ဒုက္ခမရှိခြင်း၊
- (၄) သူတစ်ပါး နှင့် မဆက်စပ်သော အသက်မွေးမှုရှိခြင်း၊
- (၅) သူခိုးဘေး မစိုးရိမ်ရခြင်း၊
- (၆) ဝတ်ရုံသုံးဆောင်ရာ၌ တပ်မက်မှု “တဏှာ”မဖြစ်ခြင်း၊
- (၇) ရဟန်းတို့အား လျောက်ပတ်သော ပရိက္ခရာရှိခြင်း၊
- (၈) မြတ်စွာဘုရား ချီးမွမ်းအပ်သော ပစ္စည်းရှိခြင်း၊
- (၉) ကြည်ညိုဖွယ်ကို ဆောင်ခြင်း၊
- (၁၀) အလိုနည်းခြင်း “အပ္ပိစ္ဆတာ”စသော အကျိုးတရား ဖြစ်ပေါ် လာခြင်း၊
- (၁၁) သမထ သမထ ဝိပဿနာ ဟူသော အကျင့်မြတ်ကို တိုးပွါးစေခြင်း၊
- (၁၂) နောက်လာနောက်ပါး တပည့်သားတို့ အတု ယူစေခြင်းတို့ဖြစ်သည် [၁၇] [၈]
Remove ads
ယခုခေတ် ပံသုကူပစ်ခြင်း ဓလေ့
ပံ့သကူပစ်ခြင်းဟု ဆိုရာ၌ ငွေ၊ သင်္ကန်း၊ အဝတ်စသည်ကို ထိုက်သူယူစေရန်၊ အမှိုက်ပုံလမ်းဘေးတို့၌ စွန့်ပစ်ထားသည် ဟုဆိုလိုပေသည်။ ပုံမှန်အားဖြင့် ပံ့သကူပစ်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ည၌ ပြုလုပ်ကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads