ပျူဘာသာစကား

From Wikipedia, the free encyclopedia

Remove ads

ပျူဘာသာစကား (ပျူ: ; my)သည်ခရစ်နှစ် ပထမထောင်စုနှစ်တွင် မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ပြောဆိုနေကြသော မျိုးတုံးပျောက်ကွယ်သွားသည့် တရုတ်-တိဗက်ဘာသာစကားဖြစ်သည်။ဘီစီ ဒုတိယရာစုနှင့် ခရစ်နှစ် ကိုးရာစုကြားတွင် ထွန်းကားခဲ့သော ပျူမြို့ပြနိုင်ငံများ၏ နယ်မြေများတွင်အသုံးပြုခဲ့ကြသည်။၉ရာစုနှောင်းပိုင်းကာလများတွင် နန်ကျောက် မှဝင်ရောက်လာသော ဗမာလူမျိုးများ ၏ ရွေ့ပြောင်းနေထိုင်မှုနောက်ပိုင်းတွင် ပျူဘာသာစကား၏ နောက်ဆုံးသောကာလများဖြစ်သည်။ပုဂံ၏ ကမ္ပည်းစာများတွင်နောက်ဆုံးကျန်ရစ်ခဲ့ပြီး နောက်ရာစုနှစ်များစွာအကြာအထိ ပျူဘာသာစကားသည် မြန်မာမြေမှ ပျောက်ကွယ်သွားခဲ့သည်။၁၃ရာစုနှောင်းပိုင်းကာလများတွင် အထက်မြန်မာပြည်ဒေသတစ်ခုလုံးသည် ပျူအငွှေ့အသက်များပျောက်ကွယ်သွားသည်။ ပုဂံအင်ပါယာ သည် အထက်မြန်မာပြည်တစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့ပြီး ဗမာဘာသာစကားအလျင်အမြန်တိုးတက်လာကာ မြန်မာ့မြေပေါ်တွင်ခေတ်သစ်တစ်ခု အဖြစ်ပေါ်ပေါက်လာခဲ့သည်။

Remove ads

ဖြစ်ပေါ်လာပုံ

ပျူစာရေးသားခြင်းကို အိန္ဒိယ တောင်ပိုင်း စာရေးနည်းပညာကို မြန်မာနိုင်ငံတွင်ရှိသော လူများက ခရစ်နှစ် (၄) ရာစုခန့်တွင် ရရှိခဲ့ပြီး နိုင်ငံခြားမှ တီထွင်သုံးစွဲခဲ့ကြသော အက္ခရာများကို မိမိတို့ဘာသာစကားအဖြစ် ရေးနိုင်ရန် ရည်ရွယ် ပြင်ဆင်ဖြည့်စွက်ချက်များ ပြုလုပ်ရာမှ ပျူဘာသာစကားဖြစ်ပေါ်လာခဲ့ကြောင်းသိရသည်။

အထောက်အထားများ

ပျူဘာသာစကားကို ခရစ်နှစ် (၂) ရာစုခန့်က စတင် အက္ခရာတင် ရေးသားသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံ၏ အစောဆုံး အက္ခရာတင်စာလုံးများဖြစ်ကြောင်း သိရသည်။ ပျူလက်ရေးများကို လေ့လာတွေ့ရှိချက်အရ ဗြာဟ္မီအက္ခရာမှ ဆင်းသက်လာပြီး ခရစ်မပေါ်မှီ(၄)ရာစုက အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် သုံးစွဲခဲ့သော (ကဒံဗ) လက်ရေးနှင့် နီးစပ်ကြောင်း သိရသည်။ ဗြာဟ္မီအက္ခရာကို ခရစ်မပေါ်မီ ၅ ရာစုမှ စတင်ပြီး သုံးစွဲနေသည်ဆိုသော သမိုင်းအထောက်အထားများ ရှိသည်။ အသောကမင်း လက်ထက် ခရစ် မပေါ်မီ ဘီစီ ၂၇၄ မှ ၂၃၂ နှစ်အတွင်း ဗြာဟ္မီ အက္ခရာကို သုံးစွဲကာ ရေးထိုးထားသော ကျောက်စာများကို တွေ့ရှိရသည်။ ပျူလူမျိုးများသည် စာများကို အိုး၊ ကြေးပြား၊ ကျောက်ပြားနှင့် ပေရွက်ပေါ်တွင် စာရေးသား အမှတ်အသားပြုလုပ်ကြသည်ဆိုသော အထောက်အထားများ အများအပြား တွေ့ရှိရသည်။ ပျူစကားတွင် အသံရှစ်မျိုးရှိပြီး နောက်ဆုံး ဗျည်းသတ်သည့် အလေ့အထ မရှိကြောင်း သိရသည်။

Remove ads

ဓာတ်ပုံများ

ရည်ညွှန်းကိုးကား

  • Aung-Thwin၊ Michael (2005)။ The mists of Rāmañña: The Legend that was Lower Burma (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 978-0-8248-2886-8
  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • Htin Aung၊ Maung (1967)။ A History of Burma။ New York and London: Cambridge University Press။

အမျိုးအစားခွဲခြားခြင်း

Thumb
ဟန်လင်းမှပျူကမ္ပည်းစာ
Thumb
ဧရာဝတီချိုင့်ဝှမ်းရှိ ပျူမြို့ဟောင်းများ ၊၈ ရာစု

ပျူဘာသာစကားအား တရုတ်-တိဗက်ဘာသာစကားမိသားစုကြီး၏ သီးသန့်အုပ်စုခွဲ အဖြစ် ပညာရှင်Blagden (1911:382) ကပထမဆုံး အသိအမှတ်ပြုခဲ့သည်။ပျူဘာသာစကားသည် တရုတ်-တိဗက်ဘာသာစကား တွင် ကွဲပြားသော အသံပိုင်းဆိုင်ရာနှင့် အဘိဓာန်ဝိသေသလက္ခဏာများကြောင့်Miyake (2021၊ 2022) က တရုတ်-တိဗက်ဘာသာစကား၏ အကိုင်းအခက်တစ်ခုဖြစ်ကြောင်းနှင့်ပတ်သတ်၍ စောဒကတက်ခဲ့သည်။မူရင်း ရှေးတရုတ်-တိဗက်ဘာသာစကား၏ ပုံသဏ္ဍာန် များဖြစ်ဘော ဝေါဟာရများဆန်းသစ်မှုများနှင့် အသံထွက်အများအပြား ဆုံးရှုံးသွားသည့်အတွက် ပျူသည် ရှေးတရုတ်-တိဗက်ဘာသာစကားမဟုတ်ပေ။Miyake (2022) အဆိုအရ ပျူဘာသာစကားသည် မိခင်ဘာသာစကားအုပ်စုမှခွဲထွက်ပြီး သီးသန့်တိုးတက်လာသောဘာသာစကားမျိုးဖြစ်နိုင်သည်ဟုဆိုထားသည်။

ပျူဘာသာစကားကို လိုလို-ဗမာ ဘာသာစကားများတွင် အစမ်းသဘောအားဖြင့် ပညာMatisoff မှ ခွဲခြားသတ်မှတ်ထားပြီး ပညာBradley မှ Luish ဟု ယူဆကြသော်လည်း Miyake ကထိုယူဆချက်များကိုပယ်ချခဲ့သည်။ဘာသာဗေဒပညာရှင်တစ်ဦးဖြစ်သော် Van Adrien သည်လည်း ပျူကို တရုတ်-တိဗက်ဌာနခွဲအဖြစ် အစမ်းသဘော ခွဲခြားထားခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads