ပြင်သစ်နိုင်ငံ၏ တိုင်း
From Wikipedia, the free encyclopedia
Remove ads
တိုင်း သို့မဟုတ် ရေဂျောင်(ပြင်သစ်: région)သည် ပြင်သစ်နိုင်ငံ၏ ဒေသန္တရ အုပ်ချုပ်ရေး နယ်မြေဒေသ ပိုင်းခွဲများထဲမှ တစ်ခု ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော "ဒေသန္တရ ပိုင်းခြားရေး ဥပဒေ" အရ အသစ်ဖွဲ့စည်းခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အုပ်ချုပ်ရေးအာဏာ ရရှိထား၍ အဆင့်အမြင့်ဆုံး ဒေသန္တရ အုပ်ချုပ်ရေး နယ်မြေဒေသ ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ဆင်တူသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အရ ပြင်သစ်နိုင်ငံ၏ တိုင်း အရေအတွက်မှာ ပြည်မကြီးတွင် ၁၃ ခုနှင့် နိုင်ငံရပ်ခြားတွင် ၅ ခု ဖြစ်သည်။ ပြည်မကြီးရှိ တိုင်းများ ပြန်လည်ဖွဲ့စည်းခြင်း မပြုမီက ပြင်သစ်ပြည်မကြီးတွင် တိုင်း ၂၂ ခု ရှိခဲ့သည်။ တိုင်းကို ဌာန(département ဒေပါရ်တမံ)ဟူ၍ ထပ်မံ ခွဲခြားထားသည်။
Remove ads
တိုင်းများ စာရင်း
ပြည်မကြီးရှိ တိုင်းများ
နိုင်ငံရပ်ခြား တိုင်းများ
နိုင်ငံရပ်ခြား တိုင်းများတွင် တိုက်တစ်ခုကို တိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသည်။
- 971 ဂွာဒလူ့ပ် (Guadeloupe)
- 972 မာရ်တီနိခ် (Martinique)
- 973 ပြင်သစ်ပိုင် ဂါယီနာ (Guyane)
- 974 ရေယူနီအောင် (La Réunion)
- 975 မာယော့တ် (Mayotte)
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
