ပြည်နည်းပညာတက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
ပြည်နည်းပညာတက္ကသိုလ် (Pyay Technological University) သည် မြန်မာနိုင်ငံ၏ ရှေးကျသော နည်းပညာတက္ကသိုလ်သုံးခုဖြစ်သော (ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်)တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ မှ (၇) မိုင်အကွာ ပြည် - ပေါက်ခေါင်း ကားလမ်းပေါ်ရှိ လက်ခုပ်ပင်ရွာတွင် တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။
Remove ads
၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၉၈)ဖြင့် ပြည်စက်မှုတက္ကသိုလ် အဖြစ် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ပြည်နည်းပညာတက္ကသိုလ်ကို ၁၉၉၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စီမံခန့်ခွဲရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး သင်တန်းအသီးသီးကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးရုံး၏ (၂၉.၆.၁၉၉၈)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၇၃/၉၈)အရ ပြည်စက်မှုတက္ကသိုလ်ကို ပြည်နည်းပညာတက္ကသိုလ်ဟူ၍ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ(၁)ရက် နေ့မှစ၍ ပြောင်းလဲတည်ထောင်ခဲ့သည်။ [၁]
Remove ads
အင်ဂျင်နီယာနည်းပညာဘွဲ့ Bachelor of Technology (B-tech)နှင့် အင်ဂျင်နီယာဘွဲ့Bachelor of Engineering (BE) အတွက် သင်ကြားနေသောဘာသာရပ်များမှာ
- မြို့ပြအင်ဂျင်နီယာ Civil Engineering
- အီလက်ထရောနစ်အင်ဂျင်နီယာ Electronic Engineering
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ Electrical Power Engineering
- စက်မှုအင်ဂျင်နီယာ Mechanical Engineering
- စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ Mechatronic Engineering
- သုတနည်းပညာအင်ဂျင်နီယာ Information Technology
- ရေနံအင်ဂျင်နီယာ Petroleum Engineering
Remove ads
၁၉၉၇ မှ ၂၀၀၇ အထိ A.G.T.I ဒီပလိုမာရရှိသော ကျောင်းသား၊သူများအရေအတွက်မှာ (Diploma of A.G.T.I (1997 to 2007))
၂၀၀၂ မှ ၂၀၀၇ အထိ B.Tech / B.E ဘွဲ့ရရှိသော ကျောင်းသား၊သူများအရေအတွက်မှာ (Graduate of B.Tech/B.E (2002-2007))
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads