ပြဿဒါးကြီး (ပြဿဒ်ကြီး)

From Wikipedia, the free encyclopedia

ပြဿဒါးကြီး (ပြဿဒ်ကြီး)
Remove ads

ပြဿဒါးကြီး (ပြဿဒ်ကြီး) ဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည့် စေတီဖြစ်သည်။ ကွမ်းတောင် ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ(၁၂၄၉)တွင် ကျစွာမင်းတည်ခဲ့သည်။ ကျစွာမင်းက သီဟိုဠ်ပြန် ဓမ္မသီရိမဟာထေရ်အတွက် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပြီး ပြဿဒါးနေ့တွင် စတည်ခဲ့သည့်အတွက် ပြဿဒါးဘုရားဟု ခေါ်ခဲ့ကြသည်။ ဘုရားတည်၍ မကြာမီမှာပင် ကျစွာမင်း အနိစ္စရောက်၍ ဘုရားအပြီး မသတ်ခဲ့ပေ။ ပြဿဒါးဘုရားကို ယခု ပြဿဒ်ကြီးဘုရားဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ ပြဿဒါးဘုရားတွင် အုတ်စီအုတ်နင်း လက်ရာများနှင့် ပေါင်းကူး (အမိုးခုံး)များကို လေ့လာနိုင်သည်။ ပြဿဒါးဘုရား အဝင်မုခ်တွင် အမိုးခုံးနှစ်ခုအကြား လွတ်နေသော လေဟာနယ် ထား၍ တည်ဆောက်ထားသည်။[]

Thumb
ပြဿဒါးကြီးဘုရား
  • စေတီပုထိုးအမှတ်=၈၀၃/၃၈၄−က
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads