ပွန်ဒူဂတ်
From Wikipedia, the free encyclopedia
Remove ads
ပွန်ဒူဂတ် သည် ရှေးဟောင်း ရောမခေတ်မှ ရေသယ်တံတားတစ်ခု ဖြစ်ပြီး အေဒီ ၁ ရာစုက တည်ဆောက်ခဲ့ကာ ရောမပြည်၏ ကိုလိုနီတစ်ခု ဖြစ်သော နီမောဆပ်စ် (ယနေ့ခေတ် ပြင်သစ်နိုင်ငံ တောင်ပိုင်း နီမက်) သို့ ၅၀ km (၃၁ mi) မျှ ရေကို သယ်ပို့နိုင်ရန် အတွက် ဖြစ်သည်။[၁] ၎င်းသည် ဂါဒွန်မြစ်ကို ပြင်သစ်နိုင်ငံတောင်ပိုင်း ဗားစ်ပွန်ဒူဂတ်မြို့ အနီးတွင် ဖြတ်သန်းသွားသည်။ ပွန်ဒူဂတ်သည် ရောမ ရေသယ်တံတားများတွင် အမြင့်ဆုံး ဖြစ်ပြီး အကောင်းဆုံး ထိန်းသိမ်းထားနိုင်သော တံတားတစ်ခုလည်း ဖြစ်သည်။ ၎င်း၏ သမိုင်းကြောင်းအရ အရေးပါမှုကြောင့် ၁၉၈၅ ခုနှစ်တွင် ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာစာရင်းသို့ ထည့်သွင်းခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads