မှန်လုံအိမ်ဓာတ်ငွေ့

From Wikipedia, the free encyclopedia

မှန်လုံအိမ်ဓာတ်ငွေ့
Remove ads

မှန်လုံအိမ်ဓာတ်ငွေ့ (greenhouse gas) များသည် လေထုထဲမှ ဓာတ်ငွေ့များ ဖြစ်ပြီး အပူစွမ်းအင်တမျိုးအဖြစ် ရှိနိုင်သော အနီအောက် ရောင်ခြည်များကို စုပ်ယူနိုင်၊ ပြန်ထုတ်လွှတ်နိုင်သည့် ဓာတ်ငွေ့အားလုံးကို ဆိုလိုနိုင်သည်။ ဤဖြစ်ရပ်မှာ အခြေခံအကျဆုံး မှန်လုံအိမ် သက်ရောက်မှု ဖြစ်သည်။ [] ကမ္ဘာ့လေထုအတွင်း အတွေ့များသည့် မှန်လုံအိမ်ဓာတ်ငွေ့များတွင် ရေငွေ့ကာဗွန်ဒိုင်အောက်ဆိုဒ်မီသိန်းနိုက်ထရပ်စ်အောက်ဆိုဒ်နှင့် အိုဇုန်းတို့ ပါဝင်သည်။

Thumb
မှန်လုံအိမ်သက်ရောက်မှုပြ ကားချပ်

နေအဖွဲ့အစည်းအတွင်းရှိ သောကြာဂြိုဟ် (ဗီးနပ်စ်ဂြိုဟ်)၊ အင်္ဂါဂြိုဟ် (မားစ်ဂြိုဟ်) နှင့် တိုင်တန်အရံဂြိုဟ်တို့၏ လေထုတွင်လည်း မှန်လုံအိမ်သက်ရောက်မှု ဖြစ်စေသည့် ဓာတ်ငွေ့များ ပါရှိသည်။ မှန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာ့အပူအချိန် အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိသည်။ ဤဓာတ်ငွေ့များ မရှိလျှင် ကမ္ဘာမြေမျက်နှာပြင်၏ အပူချိန်မှာ လက်ရှိထက် ပိုနှိမ့်ပြီး 33 °C (59 °F) သာရှိမည် ဖြစ်သည်။[][][]

၁၈၂၄-ခုနှစ်တွင် ပြင်သစ်ပညာရှင် ဂျိုးဇက်ဖူရီယေးက ဖန်လုံအိမ် အာနိသင်အကြောင်း စတင်ဖော်ထုတ်ရေးသားခဲ့သည်။ ကမ္ဘာမြေပြင်၊ ရေပြင် စသည်တို့မှ ကောင်းကင်ယံသို့ ပြန်ကန်ထွက်လာသော အပူဓာတ်များကို လေထုတွင်းရှိ ဓာတ်ငွေ့ အချို့က စုတ်ယူထိန်းသိမ်းထားခြင်းဖြင့် ကမ္ဘာကို ပူနွေးစေသည်ကို ဖန်လုံအိမ် အာနိသင်ဟု ခေါ်သည်။

၁၇၅၀ ပြည့်လွန်နှစ် စက်မှုတော်လှန်ရေး စတင်ခဲ့ချိန်မှစ၍ လေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့ ပါဝင်နှုန်း မြင့်တက်လာသည်။ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ၂၀ ရာစု ခေတ်လယ်ပိုင်းမှစ ကမ္ဘာကြီးပူနွေးလာခြင်းသည် လေထုတွင်း မှန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းမှုနှင့် တိုက်ရိုက်ဆက်နွယ်ကြောင်း သိရသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads