ဖာသုဝိဟာရသုတ်
From Wikipedia, the free encyclopedia
Remove ads
(၃)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ, ဝေါဿဂ္ဂ ပရိဏာမီဖြစ်အောင် အဋ္ဌိကသညာနှင့် တကွ ဗောဇ္ဈင်တစ်ပါးစီကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့ အလာပြုအပ်သည်ရှိသော် များစွာသော ဖာသုဝိဟာရအကျိုးဖြစ်၏-ဟု ရဟန်းတို့အား ဘုရားရှင် အကျယ်ဟောတော်မူသည့်သုတ်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် ရူပါဝစရဈာန် လေးပါးကို ရရှိခြင်း၊ အရဟတ္တဖိုလ်ကို ရရှိခြင်းဟူသော ချမ်းသာစွာ နေနိုင်ကြောင်း “ဖာသုဝိဟာရတရားငါးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် သီတင်းသုံး ဖေါ်တို့အပေါ်၌ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မေတ္တာ ကာယကံ, မေတ္တာ ဝစီကံ, မေတ္တာမနောကံကို ရှေးရှုဖြစ်စေ (ပြုလုပ် ပြောဆို ပွားများခြင်း)ဖြင့် အခဏ္ဍ, အစ္ဆိဒ္ဒ, အသဗလ, အကမ္မာသ, ဘုဇိဿ, ဝိညုပသတ္ထ, အပရာမဋ္ဌ, သမာဓိ သံဝတ္တနိကသီလတို့ကို သီတင်းသုံးဖော်တို့နှင့် မျက်မှောက်, မျက်ကွယ်တို့၌ သီလအားဖြင့် တူမျှစွာနေခြင်း, သီတင်းသုံးဖော်တို့နှင့် မျက်မှောက်, မျက်ကွယ်တို့၌ အရိယ, နိယျာနိက, တက္ကရ, သမ္မာဒုက္ခက္ခယဂါမီဖြစ်သော အယူအားဖြင့် တူမျှစွာ နေခြင်းဟူသော ဖာသုဝိဟာရ-ချမ်းချမ်းသာသာနေနိုင်သော တရားငါးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads