ဂျိုးဇက် လဖုန်း

From Wikipedia, the free encyclopedia

ဂျိုးဇက် လဖုန်း
Remove ads

ဖာသာ ဂျိုးဇက် လဖုန်း (အင်္ဂလိပ်: Father Joseph Lafon) (အေဒီ ၁၈၇၀ - ၁၉၄၈) သည် မန္တလေးမြို့ရှိ ထင်ရှားသော စိန့်ဂျိုးဇက်ဘုရားကျောင်းကို တည်ထောင်ခဲ့သည့် ပြင်သစ် ကက်သလစ်သာသနာပြု ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်သည်။ ၁၈၇၀ တွင် ပြင်သစ်နိုင်ငံတွင် မွေးဖွားခဲ့သည်။ ၁၈၉၀ တွင် တရုတ်နိုင်ငံသို့ သာသနာပြုရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံတွင် ၁၃ နှစ်ခန့် နေထိုင်ခဲ့သည်။ ထို့နောက် မလေးရှားနိုင်ငံ ပီနန်ရှိ ဘုန်းတော်ကြီးဖြစ်သင်တန်း၌ စာချပုဂ္ဂိုလ်အဖြစ် ခုနှစ်နှစ်ခန့် လုပ်ကိုင်ခဲ့သည်။ ၁၉၁၀ တွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိလာခဲ့ပြီး တရုတ်မိဘမဲ့ကလေးများအား စောင့်ရှောက်မွေးစားခဲ့သည်။ ၁၉၁၉ တွင် စိန့်ဂျိုးဇက်ဘုရားကျောင်းအား စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၃၃ တွင် ပြီးစီးခဲ့သည်။ ၁၉၃၉ မှစ၍ ပညာသင်ကြားမှုကို လုပ်ဆောင်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခဲ့သည်။ ၁၈၄၈ ခု အသက် ၇၈ နှစ်အရွယ်တွင် မန္တလေး၌ ကွယ်လွန်ခဲ့သည်။

Thumb
ပြင်သစ်ဘုန်းတော်ကြီး ဂျိုးဇက် လဖုန်း


Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads