ဖိုတွန်

From Wikipedia, the free encyclopedia

ဖိုတွန်
Remove ads

("ဖို"ဟူသည့် အသံထက်မူ နှာသံပိုပါသော) ဖှိုတွန် (ခေါ်) စွမ်းအင်လွင့် စမွှား (အင်္ဂလိပ်: photon) သည် - လျှပ်စစ်သံလိုက်စက်ကွင်းတို့အဖြစ် ပါဝင်ဖွဲ့စည်းရာ၊ (အလင်းအပါအဝင်) လျှပ်စစ်သံလိုက်လှိုင်းဟူသော စွမ်းအင်ဖြာလွင့်မှုတို့အဖြစ် ဖြစ်ပေါ်ရွေ့လျားရာ အရင်းခံ စမွှားလေးများ ဖြစ်သည်။ ဖှိုတွန်(စွမ်းအင်စမွှား)သည်၊ ရူပဗေဒ သီအိုရီ အများစု၌၊ ဒြပ်ထုမဟုတ်ဘဲ စွမ်းအင်သီးသန့် (pure energy) တို့ တည်ရှိရွေ့လျားခြင်း ဖြစ်၍ ထုထည်တန်ဖိုး သုညဟု ဆိုရမည်မျိုး ဖြစ်၏။ ဖှိုတွန်ဟူသော စွမ်းအင်စမွှားတခုစီ ပျံ့နှံ့မှုဟု စမွှား သဘောယန္တရားအားဖြင့် ရှုမြင်နိုင်သည်ကို လျှပ်စစ်နှင့် သံလိုက် ဗှတ္တာစက်ကွင်းများ အားဖြင့်မူ ၎င်းစက်ကွင်းတို့၏ ဖြစ်ပျက်တိုးလျော့မှု ဂယက်တခု လက်ဆင့်ကမ်းလိုက်သည့်အလား ရွေ့လျားလာခြင်း ဟူသော လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်ပေမည်။ ကွမ်တမ်(စမွှား) အဖြစ် လေ့လာသော ဖှိုတွန်၏ သဘောသရုပ်များအတိအကျကို လူ့ကျင်လည်တိုင်းဝန်တာ (macroscopic scale) အတွင်း ဖြစ်ပေါ်သည့် မည့်သည့် ရူပဗေဒဆိုင်ရာ စံနမူနာနှင့်မျှ မဖော်ပြနိုင်ပေ။[]

အချက်တိုများ ပါဝင်မှု, စာရင်းဝင် ...


Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads