ဖူကူအိုကာမြို့

From Wikipedia, the free encyclopedia

ဖူကူအိုကာမြို့
Remove ads

ဖူကူအိုကာမြို့သည် ဖူကူအိုကာ ပရီဖက်ချာ၏ မြို့တော်ဖြစ်ပြီး ဂျပန်နိုင်ငံ ကျူရှုးကျွန်း၏ မြောက်ဘက်ကမ်းခြေတွင် တည်ရှိသည်။ ကျူရှူးကျွန်းတွင် လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ၎င်းမြို့ပြီးလျှင် လူဦးရေ အများဆုံးမြို့မှာ ကီတာကျူရှူးမြို့ ဖြစ်သည်။ ကိုင်ဟန်ရှင်း အနောက်ပိုင်းတွင် အကြီးဆုံးမြို့ နှင့် မြို့ကြီးဒေသ ဖြစ်သည်။ ၁၉၇၂ ခုနှစ် ဧပြီလ ၁ ရက်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၂.၅ သန်းမျှ ရှိသည်။ စက်ရုံအများအပြားရှိသော ဖူကူအိုကာ-ကီတာကျူရှူး စက်မှုဇုန်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သလို မြောက်ပိုင်း ကျူရှူး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

အချက်တိုများ ဖူကူအိုကာမြို့ 福岡市, နိုင်ငံ ...
Remove ads

၂၀၁၁ ခုနှစ် ဇူလိုင်လ စာရင်းအရ ဂျပန်နိုင်ငံ၏ ဆဌမမြောက် အကြီးဆုံး မြို့တော်ဖြစ်ပြီး ကျိုတိုမြို့ကို ကျော်တက်သွားခဲ့သည်။ ၇၉၄ ခုနှစ် ကျိုတိုမြို့ကို စတင်တည်ထောင်ချိန် မှစ၍ ကင်ကီဒေသ၏ အနောက်ဘက်ရှိ မြို့များ ကျိုတိုမြို့ထက် လူဦးရေ ပိုများသွားခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်သည်။ အချို့သော သမိုင်းပညာရှင်များက ရှေးခေတ် အခါက ဖူကူအိုကာ အနီးရှိ ချီကူရှိ ဒေသသည် ယာမာတို ဒေသထက် ပို၍ ဩဇာကြီးမားခဲ့သည်ဟု ယူဆကြသည်။


Remove ads

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads