ဖောင်းကားစား မောင်မောင်

From Wikipedia, the free encyclopedia

Remove ads

ဖောင်းကားစားသည် အလောင်းမင်းတရား၏ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော်ဖြစ်သည်။ သမန်းဖောင်းကားရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။

အချက်တိုများ ဖောင်းကားစား မောင်မောင်, ဘုရင် ဖောင်းကား မင်းသား ...

အကိုဝမ်းကွဲတော်စပ်သူ စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ ဘုရားဖူးသွားနေစဉ် နန်းတော်တွင်းသို့ ဘုရင် အယောင်ဆောင်၍ ဝင်လာခဲ့ပြီး ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် နန်းသက်အတိုဆုံးမင်းဖြစ်ပြီး ၇ ရက်သာ ထီးနန်းစံခဲ့ရသည်။ ဦးရီးတော်ဖြစ်သူ ဘိုးတော် ဗဒုံမင်းက ဖောင်းကားစားထံမှ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။

မြန်မာ့ သမိုင်းတွင် ၇ ရက်သာ နန်းစံခဲ့ရပြီး နန်းသက်အတိုဆုံး ဘုရင်များအနက် တစ်ပါးအဖြစ် မှတ်တမ်းဝင်ခဲ့သော မင်းဖြစ်သည်။ အရည်အချင်းညံ့သည် ဟုလည်း ဆိုသည်။ ဖောင်းကားမြို့ကို စားရသည့်အတွက် ၎င်း၏အမည်ရှေ့တွင် ဖောင်းကား ဟု အစပြုခေါ်ကာ ဖောင်းကားစား မောင်မောင် ဖြစ်လာခဲ့သည်။ စဉ့်ကူးမင်း အညာသီဟတော ဘုရားဖူးသွားနေစဉ် နောက်ပါကျွန်ယုံများဖြင့် ဘုရင်အယောင်ဆောင်ပြီး နန်းသိမ်းခဲ့သည်။ သို့သော် ၇ ရက်အကြာတွင် ဘထွေးတော်စပ်သူဖြစ်သည့် အိမ်နှိမ့်စံနေရသော ဗဒုံမင်းသားက တိုင်းပြည်အကျိုးလိုလားသော မှူးမတ်များ စုစည်းညီညာမှုဖြင့် လုပ်ကြံပြီး ဗဒုံမင်း အဖြစ်နန်းတက်လာခဲ့သည်။ နန်းတက်စက မိမိကိုးကွယ်သည့် ဗေဒင် နက္ခတ် တတ်ကျွမ်းသည့် ဆရာတော်အား နန်းတွင်းသို့ပင့်ဖိတ်ကာ ဆွမ်းကပ်စဉ်က ဆရာတော်က အနောက်အရပ်မှ ကုက္ကိုပင်အား ရှင်းလင်းရန် မိန့်ကြားသေးသည်။ ဝိနည်းလွှတ်ရန် ထိုကဲ့သို့သွယ်ဝိုက် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး အဓိပ္ပာယ်မှာ တနင်္လာနံဖြစ်သည့် ဗဒုံမင်းသားအား သုတ်သင်ပစ် ရန်ဖြစ်သော်လည်း နားမလည်သည့် မောင်မောင်က တကယ်ပင် ကုက္ကိုပင်များကို ခုတ်လှဲပစ်ခဲ့သေးသည်။

အလောင်းမင်းတရားကြီး နတ်ရွာစံတော်မမူမီ သားတော်တို့ကို မင်းပြုစေလိုကြောင်း မြွက်ထဖူးသော စကားကြောင့် ဗဒုံမင်းသားက ပရိယာယ်ပြု၍ လျှို့ဝှက်ကြံစည်ပြီးလျှင် မောင်မောင်ကို ဖမ်းစီးကာ ကတ္ထီပါအိတ်နှင့် ဧရာဝတီမြစ်တွင် ချလေသည်။ []

Remove ads

မှတ်စုများ

  1. ကုန်းဘောင်ဆက် ရာဇဝင်တော်ကြီး (အတွဲ ၁၊ ၂၀၁၄ စာမျက်နှာ ၃၈၁) တွင် မြန်မာသက္ကရာဇ် ၁၁၂၅၊ သီတင်းကျွတ်လဆန်း ၆ ရက် ကြာသပတေးနေ့ (၁၇၆၃ စက်တင်ဘာ ၁၂ တနင်္လာ) တွင် မွေးဖွားသည် ဟုဆိုသည်။ မှန်ကန်သည့်ရက်မှာ သီတင်းကျွတ်လဆန်း ၉ ရက် ဖြစ်ရမည် ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads