ဖွန်တီးနေးရှိ အဲဘီး ဘုန်းကြီးကျောင်း

From Wikipedia, the free encyclopedia

ဖွန်တီးနေးရှိ အဲဘီး ဘုန်းကြီးကျောင်း
Remove ads

ဖွန်တီနေးရှိ အဲဘီးဘုန်းကြီးကျောင်း သည် ယခင် စစ်တားရှန်းဂိုဏ်း၏ အဲဘီးဘုန်းကြီးကျောင်း ဖြစ်ပြီး ပြင်သစ်နိုင်ငံ ကို့ဒိုး ပြည်နယ် မာမက် ကွန်မြူးန် မောင့်ဘတ်ဒ်အနီးတွင် တည်ရှိသည်။ ၎င်းအား ၁၁၁၈ ခုနှစ်တွင် ကလဲဗော့မှ စိန့်ဘားနတ်ဒ်မှ တည်ထောင်ခဲ့ပြီး ရောမစတိုင်လ် တည်ဆောက်ခဲ့သည်။ ၎င်းသည် ဥရောပရှိ ရှေးအကျဆုံးနှင့် အပြည့်စုံဆုံး စစ်တားရှန်း အဲဘီးဘုန်းကြီးကျောင်း ဖြစ်သည်။ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၁ ခုနှစ်တွင် စာရင်းသွင်းခဲ့သည်။ မူလ ဘုရားရှိခိုးကျောင်း အဆောက်အဦးတွင် ပါဝင်သော အိပ်ဆောင်၊ အမိုးတပ်စင်္ကြန်၊ အစည်းအဝေးခန်းမ ၊ ရေနွေးငွေ့ခန်း ၊ ထမင်းစားခန်း၊ ခိုအိမ် နှင့် ပန်းပဲဖိုခန်း တို့တွင် ထမင်းစားဆောင်မှအပ ကျန်သော အခန်းအားလုံးမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဖွန်တီးနေး အဲဘီးဘုန်းကြီးကျောင်းနှင့် အခြားသော စစ်တားရှန်းဂိုဏ်း၏ အဲဘီးဘုန်းကြီးကျောင်းများသည် ရောမ နှင့် ဂေါသစ် ဗိသုကာ ပညာများ အကြား ပေါင်းကူး အဖြစ်တည်ရှိနေသည်။

အချက်တိုများ ဖွန်တီးနေးရှိ အဲဘီး ဘုန်းကြီးကျောင်း*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads