ဗညားဒလ
ဟံသာဝတီနေပြည်တော်၏ နောက်ဆုံး ဘုရင် From Wikipedia, the free encyclopedia
Remove ads
ဗညားဒလ (နန်းစံ ၁၇၄၇-၁၇၅၇။ ကွယ်လွန် ၁၇၇၄) သည် မြန်မာပြည်အောက်ပိုင်း ဟံသာဝတီနေပြည်တော်၏ နောက်ဆုံး ဘုရင်ဖြစ်သည်။ အင်းဝပြည်ကို တော်လှန်၍ ပဲခူးကိုနေပြည်တော်အဖြစ် တည်ထောင်ခဲ့သော ဟံသာဝတီဘုရင် သမိန်ထောဗုဒ္ဓကိတ္တိ ကို ၁၇၄၇ခုနှစ်တွင် ဆက်ခံခဲ့သူဖြစ်သည်။ ယခင်ဘုရင်လက်ထက်က ဝန်ကြီးလည်းဖြစ်၊ စစ်သူကြီးလည်းဖြစ်ခဲ့ဖူးသူ ဗညားဒလသည် မြောက်ပိုင်းရှိ အင်းဝပြည်သို့ အကြိမ်ကြိမ် ချီတက်တိုက်ခိုက်ခဲ့သည်။ ၁၇၅၁ခုနှစ်တွင် သူသည် အင်းဝနေပြည်တော်ကို တိုက်ခိုက်အောင်မြင်ပြီး အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အင်းဝပြည်ကိုလည်း ၁၇၅၂ခုနှစ် ဧပြီလအထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။ ဗညားဒလ သိမ်းပိုက်ထားသော အင်းဝကို ကုန်းဘောင်မင်းဆက် တည်ထောင်သူ အလောင်းမင်းတရား က တိုက်ခိုက်အောင်မြင်ခဲ့ပြန်သည်။ ဟံသာဝတီပဲခူးသို့ ပြန်လည်ဆုတ်ခွာ၍ မင်းပြုနေသော ဗညားဒလကို အလောင်းဘုရား ၁၇၅၇တွင် ချီတက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးလိုက်သည်။ အလောင်းဘုရား၏သားတော် ဆင်ဖြူရှင်မင်း နန်းတက်သောအခါ ၁၇၇၄ခုနှစ်တွင် ဗညားဒလသည် သေဒဏ်ပေးခြင်းခံခဲ့ရသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads