ဗညားဓမ္မရာဇာ

ဟံသာဝတီမင်း From Wikipedia, the free encyclopedia

Remove ads

ရာဇာဓိရာဇ်လွန်လျှင် သားတော်ကြီးဖြစ်သည့် ဗညားဓမ္မရာဇာက ဟံသာ၀တီနန်းကို စိုးစံသည်။ သို့သော် ညီတော်များဖြစ်သည့် ဗညားရံဗညားကျန်း တို့ ပုန်ကန်သည့်အတွက် ပဲခူးနှင့် ဒဂုံ၊ သန်လျှင်မြို့များ အကြားညီညွတ်မှုမရပဲ အင်း၀ဘုရင်သီဟသူ၏ တိုက်ခိုက်ခြင်းကိုပါခံခဲ့ရသည်။ ထိုသို့သီဟသူ ဒဂုံကိုလာရောက် ဝိုင်းရံသဖြင့် ဗညားရံလည်း မိမိနှမဖြစ်သူ ရှင်စောပု ကိုဆက်သပြီး စစ်ပြေငြိမ်းရန် စကားဆိုရသည်။ သီဟသူပြန်လည်ဆုတ်ခွာအပြီး ဗညားဓမ္မရာဇာ နန်းသက် ၃ နှစ်အရောက်တွင် ညီတော်နှစ်ပါးနန်းချသည့်အတွက် ဗညားဓမ္မရာဇာ လွန်သည်။ ၎င်းနောက် ညီတော် ဗညားရံနန်းတက်သည်။

  • ထူးခြားသည်မှာ မြန်မာမူတွင် ဗညားဓမ္မရာဇာသည် မင်းသားဗညားပုသိမ်ဟုဆိုသည်။ သို့သော် မွန်မူတွင် ဗညားကျန်းသာ ဗညားဓမ္မရာဇာဖြစ်သည်ဟု အခိုင်အမာဆိုသည်။
အချက်တိုများ Binnya Dhammaraza ဗညား ဓမ္မရာဇာ, King of Hanthawaddy ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads