ဗန်းမောက်မြို့

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့ From Wikipedia, the free encyclopedia

ဗန်းမောက်မြို့
Remove ads

ဗန်းမောက်မြို့သည် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင်ရှိသည်။ ၎င်းဒေသတွင် တိုင်းလျှမ်(ခေါ်)ရှမ်းနီ လူမျိုး၊ ကနန်းလူမျိုး၊ ကဒူးလူမျိုးများ နေထိုင်ကြသည်။ မိရိုးဖလာအားဖြင့် တောင်သူလုပ်ငန်းကို လုပ်ကိုင်ကြပြီး၊ ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ရွှေတူးဖော်ရေးလုပ်ငန်းကို တဖြည်းဖြည်းလုပ်ကိုင် လာကြသည်။ သတ္ထုရိုင်းပေါများစွာ ထွက်သောဒေသ ဖြစ်သည်။ သံရိုင်းများ၊ ခဲတွင်များ၊ ဘော်တွင်းများ၊ ကြေးတွင်များရှိသည်။ ရွှေဖြူလည်းထွက်သည်။ ကျောက်မျက်ရတနာ ထွက်နိုင်သော နေရာများရှိသည်။ နာမည်ကြီး ဘုရားမှာ မြို့၏အနောက်မြောက်ဘက်ရှိ ဇလုံတောင် ဖြစ်သည်။ နာမည်ကြီးဆရာတော်မှာ ရဟန္တာအရှင်မြတ် ဝေသုခီဆရာတော် ဖြစ်သည်။ ဥမင်လိုဏ်ဘုရား နှင့် မြို ့အနီး တောင်ဘက်အရပ်ရှိ ကျုံးတောင်ဘုရား တို့မှာ ထင်ရှားသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ မိုးအခါ တံတားကျိုးကာ ကားလမ်းများပြတ်တောက်လေ့ရှိသည်။ ကျွန်းသစ် ထုတ်လုပ်ရာ အထူးဒေသဖြစ်သည်။ စပါးတင်ပို့သော ဒေသလည်း ဖြစ်သည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူက အများစုဖြစ်သည်။ ခရစ်ယာန်ကိုးကွယ်သော ကဒူးလူမျိုး အနည်းငယ်ရှိသည်။



Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads