ဗယ်လ်ကာမော်နီကာရှိ ကျောက်ထွင်းပန်းချီများ

From Wikipedia, the free encyclopedia

ဗယ်လ်ကာမော်နီကာရှိ ကျောက်ထွင်းပန်းချီများ
Remove ads

ကာမိုနီကာ တောင်ကြား သို့ ဗယ်လ်ကာမိုနီကာရှိ ကျောက်ထွင်းပန်းချီများ သည် အီတလီနိုင်ငံ ဘရက်ရှာ ခရိုင်တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် သမိုင်းမတင်မီခေတ်က ကျောက်ထွင်းပန်းချီများ အများဆုံး စုစည်းနေရာ နေရာ တစ်ခု ဖြစ်သည်။[] ထိုစုစည်းမှုကို ယူနက်စကိုမှ ၁၉၇၉ ခုနှစ်တွင် အသိအမှတ်ပြုခဲ့ပြီး အီတလီနိုင်ငံတွင် ပထမဆုံး ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်း ခံရသည်။ ယူနက်စကိုမှ ရုပ်ပုံနှင့် သင်္ကေတ ၁၄၀,၀၀၀ ကျော်ကို အသိအမှတ်ပြုခဲ့သော်လည်း[] ထပ်မံတွေ့ရှိမှုများ အရ ကက်တလောက် အတွင်း ပါဝင်သော ပန်းချီများမှာ ၂၀၀,၀၀၀ [] နှင့် ၃၀၀,၀၀၀ [] ကြား အထိ ရှိသည်။ ကျောက်ထွင်းပန်းချီများသည် တောင်ကြား၏ မျက်နှာပြင် အားလုံးတွင် ပြန့်ကျဲတည်ရှိနေသော်လည်း ဒါဖို ဘွာရီယို တယ်ရမီ ဒေသ၊ ကာပို ဒီ ပွန်တယ် ဒေသ၊ နက်ဒရိုဒေသ၊ ချင်ဗယ်ဂိုဒေသ နှင့် ပတ်စ်ပါးဒို ဒေသတို့တွင် အများဆုံး စုစည်းတည်ရှိလျက် ရှိသည်။

အချက်တိုများ ဗယ်လ်ကာမော်နီကာရှိ ကျောက်ထွင်းပန်းချီများ*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads