ဗလာဒိသုတ်
From Wikipedia, the free encyclopedia
Remove ads
ယင်းဗလကရဏီယဝဂ်တို့၌
၁ -ဗလသုတ်၊ ခွန်အားဖြင့်ပြုလုပ်သော အလုပ်များ မြေကြီး၌ တည်,မှီ၍။
၂ -ဗီဇသုတ်၊ မျိုးစေ့ဗီဇဂါမ်နှင့် အပင်ဘူတဂါမ်ဟူသမျှ။
၃ -နာဂသုတ်၊ နဂါးတို့ အဆင့်ဆင့် ခန္ဓာကိုယ်ကြီးမားပြန့်ပြောခြင်းသို့ရောက်ပုံ။
၄ -ရုက္ခသုတ်၊ အရှေ့အရပ်သို့ ကိုင်းရှိုင်းသောသစ်ပင်။
၅ -ကုမ္ဘသုတ်၊ ရေအိုးကိုမှောက်ထားရာဝယ်၊
၆ -သူကသုတ်၊ ထောင်နေသောစူး၊
၇ -အာကာသသုတ်၊ ကောင်းကင်၌ လေအမျိုးမျိုးတိုက်နေပုံ၊
၈ -ပဌမမေဃသုတ်၊ ဝါဆိုလ၌ အထက်သို့တက်နေသောမြူမှုံကို မိုးကြီးက ပယ်ဖျောက်နိုင်ပုံ။
၉ -ဒုတိယမေဃသုတ်၊ လေမုန်တိုင်းသည် မိုးကြီးကို ကွယ်ပျောက်စေပုံ၊
၁၀ -နာဝါသုတ်၊ ရေ၌သွားလာပြီး ကုန်းပေါ်၌တင်ထားသောလှေ၊
၁၁ -အာဂန္တုကသုတ်၊ ဧည့်သည်တို့တည်းခိုရာအိမ်၊
၁၂ -နဒီသုတ်၊ အရှေ့ဖက်သို့ စီးဆင်းနေသော ဂင်္ဂါမြစ်ကို အနောက်ဖက်သို့ စီးဆင်းအောင် မပြုနိုင်ပုံ၊အားဖြင့် ၁၂-သုတ် ပါရှိလေသည်။
အထက်သုတ်တော် ဥပမာ (၁၂)မျိုးတို့ဖြင့် အဋ္ဌိကအရိယာမဂ္ဂရှစ်ပါး၊ ဗောဇ္ဈင်ခုနစ်ပါး၊ ဣန္ဒြေငါးပါး၊ သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဗိုလ်ငါးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ရူပဈာန်လေးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီကို ပွားများ, ကြိမ်ဖန်များစွာ ပွားများခြင်းကြောင့် ရရှိနိုင်သော လောကုတ္တရာအကျိုးအမျိုးမျိုးကို အကျယ်အားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
မဂ္ဂသံယုတ်၌သာ အကျယ်တဝင့် ဟောတော်မူပြီး ဗောဇ္ဈင်္ဂ, သတိပဋ္ဌာန, ဣန္ဒြိယသံယုတ်, သမ္မပ္ပဓာနသံယုတ်, ဣဒ္ဓိပါဒ, ဈာနသံယုတ်တို့၌ ပေယျာလထိုး၍ ပြဆိုထားပါသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads