ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း

From Wikipedia, the free encyclopedia

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း
Remove ads

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း (အင်္ဂလိပ်: Central Institute of Transport and Communications)သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်​အောက်ရှိ သင်တန်း​ကျောင်းတစ်ခုဖြစ်သည်။

အချက်တိုများ Central Institute of Transport and Communications ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း, လိပ်စာ ...
Remove ads

သမိုင်း​ကြောင်း

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန  ၊ သယ်ယူပို့ဆောင်ရေး၊ စာတိုက် နှင့် ကြေးနန်း ဆက်သွယ်ရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခု ခွဲ၍ ဖွဲ့စည်း ခဲ့သည်။၁၉၆၁ ခုနှစ်တွင်  ၎င်းဝန်ကြီးဌာန ( ၂ ) ခုကို  သယ်ယူပို့ဆောင်ရေးနှင့်  လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲ၍ ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် မတ်လတွင် ၎င်းဝန်ကြီးဌာနကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဟု  ပြင်ဆင်၍ လုပ်ငန်းဌာနပေါင်း(၁၇)ခုဖြင့် ဖွဲ့စည်းခဲ့ရာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသည် တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး  ကျောင်းကို ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၊ ဆင်မလိုက်သင်္ဘောကျင်း နေရာ၌ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့၌ “ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း”  အမည်ဖြင့် မိတ္ထီလာမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်က မော်တော်ယာဉ်ဆိုင်ရာသင်တန်းများ ၊ ရထားပို့ဆောင်ရေးဆိုင်ရာသင်တန်း များ ၊  အထွေထွေစီမံခန့်ခွဲမှုသင်တန်း နှင့် ဆက်သွယ်ရေးဆိုင်ရာသင်တန်းများကို လေ့ကျင့် သင်ကြားပေးခဲ့သည်။ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့တွင်  ယခင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို   ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၊ ရထားပို့ဆောင်ရေး ဝန်ကြီး ဌာန ဟူ၍ ဝန်ကြီးဌာန( ၃ ) ခု အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ  ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကျောင်းသည် ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်တွင် ပါဝင်ခဲ့သည်။ သို့ဖြစ်ပါ၍   ၂၉  .  ၁  .  ၁၉၉၂   ရက်နေ့မှစ၍   ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများ  မပါဝင်တော့ဘဲ  မော်တော် ယာဉ်ဆိုင်ရာ   ၊   ရထားပို့ဆောင်ရေးဆိုင်ရာသင်တန်းများ နှင့်      အထွေထွေစီမံခန့်ခွဲမှုသင်တန်းများ ကိုသာ ပို့ချခဲ့သည်။ ၂၀၀၆ ခုနှစ် မှစ၍ ဂဟေအခြေခံ နှင့်    စက်ဆင်အခြေခံသင်တန်းတို့ကို    မြန်မာ့မီးရထား၊ဒီဇယ်  စက်ခေါင်းစက်ရုံ (ရွာထောင်)ရှိ  Rail Transportations  Training  Center   ( RTTC )   ကျောင်း၌   ပြောင်းရွှေ့တက်ရောက်ခဲ့ကြသည့်အတွက်   ကျောင်းတွင် စက်ဆင်အခြေခံ သင်တန်းကို   မဖွင့်လှစ်တော့ဘဲ လျှပ်စစ်အခြေခံသင်တန်းတစ်မျိုးတည်းကိုသာ ဖွင့်လှစ်ခဲ့သည်။ ၁၉-၆-၂၀၁၅  ရက်နေ့ ဒုတိယဝန်ကြီး ( ရထား ) ကျောင်းသို့လာရောက်စဉ် ရထားဆိုင်ရာ ဆက်သွယ်ရေးသင်တန်းများ ဖွင့်လှစ်ရန်  လမ်းညွှန်မှုပြုခဲ့ပါသဖြင့်  ၂၀၁၅-၂၀၁၆ သင်ကြား လေ့ကျင့်ရေးနှစ်တွင် ရထားဆိုင်ရာဆက်သွယ်ရေးသင်တန်း(၃)မျိုးဖွင့်လှစ် ပို့ချပေးနိုင်ခဲ့သည်။ ၃၀. ၃ . ၂၀၁၆ ရက်နေ့တွင်   ပို့ဆောင်ရေးဝန်ကြီးဌာန ၊  ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊  သတင်းအချက်အလက်နည်းပညာ နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့အား   ပေါင်းစည်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် ‌ကျောင်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လက်အောက်ခံ ဌာန ၊လုပ်ငန်း (၁၈) ခု အနက် (၁) ခုအပါအဝင် ဖြစ်ခဲ့သည်။ လက်ရှိအခြေအနေတွင်   စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများ ၊ ကွန်ပျူတာသင်တန်းများ ၊  ရထားဆိုင်ရာသင်တန်းများ    ၊  မော်တော်ယာဉ်ဆိုင်ရာသင်တန်းများ    ၊ စက်မှုလက်မှုဆိုင်ရာ သင်တန်းများနှင့်   ဆက်သွယ်ရေးဆိုင်ရာသင်တန်းများ  ဖွင့်လှစ် သင်ကြားပေး လျက်ရှိသည်။[]

Remove ads

ဖွဲ့စည်းပုံ

  • ​ကျောင်းအုပ်ကြီး
    • ဒုတိယ​ကျောင်းအုပ်ကြီး
      • ညွှန်ကြား​ရေးမှူး (သင်ကြား​လေ့ကျင့်​ရေး)
        • ဒုညွှန်ကြား​ရေးမှူး (၂ဦး)
          • ကထိက (စာ​ပေ)
          • ကထိက (ပစ္စည်း)
          • ကထိက (မထသ)
          • ကထိက (ရထား)
          • ကထိက (စက်မှုလက်မှု)
          • ကထိက (ဆက်သွယ်​ရေး)
            • လက်ထောက်ကထိကများ
      • ညွှန်ကြား​ရေးမှူး (စီမံခန့်ခွဲ​ရေး)
        • ဒုညွှန်ကြား​ရေးမှူး
          • လက်​ထောက်ညွှန်ကြား​ရေးမှူး (၂ဦး)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads