ဗဟိုပုံနှိပ်စက်ရုံ
From Wikipedia, the free encyclopedia
Remove ads
ဗဟိုပုံနှိပ်စက်ရုံသည် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနလက်အောက်တွင် တည်ရှိသည့် စက်ရုံတစ်ရုံဖြစ်သည်။

တည်နေရာ
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၊ သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းထောင့် တွင်တည်ရှိသည်။
သမိုင်းအကျဉ်း
ဗဟိုပုံနှိပ်စက်ရုံ ဖြစ်လာမည့် မူလအဆောက်အအုံကို နာမည်ကျော် စကော့လူမျိုး ဗိသုကာ ဂျွန်ဘာ့ဂ်ရေးဆွဲသည့် အဆောက်အအုံမျက်နှာစာ ဒီဇိုင်းဖြင့် ကိုလိုနီခေတ် ၁၉၀၉ ခုနှစ်က စတင်တည်ဆောက်ကာ ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ထိုအဆောက်အဦထဲ ဓာတ်လှေကားများ၊ မြင်းဇောင်းများနှင့် ဝန်ထမ်းတန်းလျားများရှိသည်။ မူလက အိန္ဒိယမှတင်သွင်းလာသော စာရေးကိရိယာများ ဖြန့်ချိရာဌာနအဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်း ဗြိတိသျှအစိုးရ၏ အရေးကြီးစာရွက်စာတမ်းများ ပုံနှိပ်ရာနေရာဖြစ်လာသည်။[၁]
လွတ်လပ်ရေးရပြီးနောက် ဗဟိုပုံနှိပ်စက်ရုံအဖြစ်တိုးချဲ့ကာ အစိုးရဌာနများအတွက် ပုံနှိပ်မှုများဆောင်ရွက်ခဲ့သည်။ဗဟိုပုံနှိပ်စက်ရုံသည် သန်းခေါင်စာရင်းများနှင့် ပြန်တမ်းများကို ပုံနှိပ်သည့်အပြင် နိုင်ငံတော်အဆင့် အရေးကြီးစာရွက်စာတမ်းများအား ပုံနှိပ်ထုတ်ဝေရာ၊ သန်းခေါင်စာရင်းနှင့် ပြန်တမ်းများ ပုံနှိပ်ထုတ်ဝေသည်။နောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စက်ရုံအဖြစ် သတ်မှတ်လိုက်ပြီး ယခုလက်ရှိတွင် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိနေသည်။[၂]
၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကဗ္ဗည်းပြားကိုတပ်ဆင်၍ ရန်ကုန် မြို့ပြအမွေအနှစ် အဆောက်အအုံအဖြစ် အသိအမှတ်ပြုခဲ့သည်။[၃] [၄][၅]
ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနလက်အောက်ရှိ စက်ရုံများ
- နေပြည်တော်ပုံနှိပ်စက်ရုံ (ဇေယျာသီရိ)
- အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး)
- ဗဟိုပုံနှိပ်စက်ရုံ
- ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ
- အောင်ဆန်းပုံနှိပ်စက်ရုံ
- စာပေဗိမာန်ပုံနှိပ်စက်ရုံ
- ဂျီတီစီပုံနှိပ်စက်ရုံ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
