ဗဟုဓီတရသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ဘုရားရှင် ကောသလနိုင်ငံ ဘာရဒွါဇပုဏ္ဏား၏ ရဟန္တာဖြစ်မည်ကို သိတော်မူ၍ သာဝတ္ထိမြို့တော်အနီး တောအုပ်တစ်ခု၌ သီတင်းသုံးတော်မူနေစဉ် နွားပျောက် ရှာလာသော ဘာရဒွါဇပုဏ္ဏားက ဓမ္မကိုဆင်ခြင်၍ ငြိမ်သက်စွာသီတင်းသုံးနေတော်မူသော ဘုရားရှင်အား မိမိခံစားနေရသော ဆင်းရဲဒဏ်ချက်များကို (၇) ဂါထာဖြင့် လျှောက်ထားပါသည်။ ဘာရဒွါဇပုဏ္ဏားအား ထိုဆင်းရဲဒုက္ခများ မိမိ၌ရှိတော်မမူပုံကို (၇)ဂါထာဖြင့်ပင် မိန့်ကြားတော်မူပါသည်။
ဘာရဒွါဇပုဏ္ဏား သရဏဂုံဆောက်တည်ပြီး ရဟန်းပြုပေးတော်မူရန် လျှောက်ထားပါသည်။ ဘုရားရှင်က ရဟန်းပြုတော်မူပြီး ဘာရဒွါဇပုဏ္ဏား၏ တာဝန် အသီးသီးကို ကောသလဘုရင်အား မိန့်ကြားတော်မူပါသည်။ ကောသလဘုရင်က အားလုံးကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးပြီး “ရဟန်းတရားကို အေးချမ်းစွာ အားထုတ်တော်မူပါရန် လျှောက်ထားပါသည်။ ဘာရဒွါဇရဟန်းတော်သည် ရဟန်းတရားကို ကြိုးစားအား ထုတ်တော်မူရာ မကြာခင် ရဟန္တာဖြစ်သွားပုံ ပြဆိုသည့်သုတ်။
အဋ္ဌကထာ-ဋီကာတို့၌-သိမှတ်ဖွယ်အပြည့်အစုံကို ဖွင့်ပြထားပါသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads