ဗာတီကန် မြို့ပြနိုင်ငံ
ကုန်းတွင်းပိတ် အချုပ်အချာအာဏာပိုင် မြို့ပြနိုင်ငံတစ်ခု From Wikipedia, the free encyclopedia
Remove ads
ဗာတီကန်စီးတီး (အင်္ဂလိပ်: Vatican City (/ˈvætɪkən/ ( ) ၊ အီတလီ: Stato della Città del Vaticano ၊ လက်တင်: Status Civitatis Vaticanae) တရားဝင်အားဖြင့် ဗာတီကန်မြို့ပြနိုင်ငံသည် မြို့တော်နှင့် နိုင်ငံတစ်ခုတည်း ဖြစ်ပြီး အီတလီနိုင်ငံ ရောမမြို့အတွင်းတွင် တံတိုင်းကာ၍ တည်ရှိသော ကမ္ဘာ့အသေးဆုံးနိုင်ငံ (ကုန်းတွင်းပိတ်နိုင်ငံ) ဖြစ်သည်။ ဧရိယာ အကျယ်အဝန်း အားဖြင့် ၄၄ ဟက်တာ (၁၁၀ ဧက) မျှ ရှိပြီး လူဦးရေ ၈၀၀ ခန့်မျှ ရှိသည်။
ကမ္ဘာ့အသေးဆုံး အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး သမိုင်းတစ်လျှောက် ဆွစ်ဇာလန်လုံခြုံရေးတပ်များ တာဝန်ယူလာသည့် ကိုယ်ပိုင် စစ်တပ်လည်း ရှိသည်။
ရုံးသုံးဘာသာစကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင် တယ်လီဖုန်း ကုမ္ပဏီ၊ ရေဒီယို၊ ရုပ်မြင်သံကြားဌာန၊ ငွေကြေးနှင့် တံဆိပ်ခေါင်းလုပ်ငန်းများ တည်ရှိသော နိုင်ငံငယ် ဖြစ်သည်။ နေ့အခါတွင် နိုင်ငံ မြို့တံခါးဖွင့်ကာ အဝင်အထွက်ရှိသော်လည်း ညအခါတွင် နိုင်ငံနယ်နမိတ် တံခါးကို ပိတ်ထားသည်။
Remove ads
အမည်ဆင်းသက်လာပုံ
ဗာတီကန်စီးတီးဟူသောအမည်ကို ပထမဆုံးအသုံးပြုခဲ့သည်မှာ ၁၉၂၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော လက်တီရန်စာချုပ် (Lateran Treaty) တွင် ဖြစ်သည်။ ထိုစာချုပ်သည် ရောမမြို့အတွင်းရှိ ဗာတီကန်ကုန်းတစ်ခုအား အစွဲပြု၍ ခေတ်သစ်မြို့ပြနိုင်ငံငယ်ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ကက်သလစ်ဘုရားကျောင်းဖြစ်သော စိန့်ပီတာဘာစီလီကာ (St. Peter Basilica) သည် ဤကုန်းပေါ်တွင် တည်ဆောက်ထားသည်။
ဗာတီကန်ကုန်း၏ နာမည်မှာ အီထရူးရစ်ကန်ကျေးရွာတစ်ခု၏ အမည်ဖြစ်သော Vatica သို့မဟုတ် Vaticum မှ ဆင်းသက်လာခြင်းဖြစ်ပြီး ရိုမန်လူမျိုးတို့က Ager Vaticanus ("ဗာတီကန်နယ်မြေ") ဟုခေါ်ဝေါ်သော နယ်မြေအတွင်း တည်ရှိခဲ့သည်။
မြို့၏ အီတလီအမည်မှာ Città del Vaticano ဖြစ်ပြီး ပိုမိုတရားဝင်သောအမည်မှာ Stato della Città del Vaticano ("ဗာတီကန်မြို့ပြနိုင်ငံ") ဖြစ်သည်။ လက်တင်အမည်မှာ Status Civitatis Vaticanae ဖြစ်ပြီး ဤအမည်ကို ဟောလီစီ၊ ကက်သလစ်အသင်းတော်နှင့် ပုပ်ရဟန်းမင်းကြီးတို့မှ တရားဝင်စာရွက်စာတမ်းများတွင် အသုံးပြုသည်။

Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads