ဗာရွတ် ဆပင်နိုဇာ

From Wikipedia, the free encyclopedia

ဗာရွတ် ဆပင်နိုဇာ
Remove ads
Thumb
ဆပင်နိုဇာ

ဆပင်နိုဇာ ဗီ (ခရစ် ၁၆၃၂-၁၆၇၇)

ဗာရွတ် ဆပင်နိုဇာ (Baruch Spinoza)သည် ၁၆၃၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဟော်လန်နိုင်ငံ၊ အမ်စတာဒမ်မြို့၌ မွေးဖွားခဲ့သော ယဟူဒီမျိုးနွယ်ယထာဘူတ ပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ မိဘများမှာ ခရစ်ယန် သာသနာရေးဆိုင်ရာ တရားရုံးတော်၏ ပညတ်ချက်တို့ကြောင့် ပေါ်တူဂီနိုင်ငံမှ အမ်စတာဒမ်မြို့သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသော အယူသည်း ယဟူဒီလူမျိုး များတွင် အပါအဝင်ဖြစ်သည်။ သူ့အား ငယ်စဉ်က ယဟူဒီ ကျောင်း တစ်ကျောင်းတွင်ထားကာ မိရိုးဖလာ ဟီဗြူစာပေ ပညာကိုသာ သင်ကြားစေခဲ့သော်လည်း၊ သူသည်ဘာသာစကား များ၊ သင်္ချာနှင့် ရူပဗေဒပညာရပ်တို့ကို အပြင်တွင်လေ့လာသင် ကြားတတ်မြောက်ခဲ့၏။ သူသည် လွတ်လပ်စွာ တွေးတောကြံ ဆလိုသူဖြစ်ရာ၊ ၁၈ နှစ်အရွယ်သို့ ရောက်လျှင် ယဟူဒီတို့၏ အယူအဆများကို လက်မခံနိုင်တော့ကြောင်းတွေ့ရလေသည်။ သူ၏ရင်တွင်း၌ ပေါ်ပေါက်လာသော ယုံမှားသံသယများကို လူအများအား ဖွင့်ဟ ပြောဟောခြင်း မပြုရန်အတွက် သာသနာ ရေးဆိုင်ရာတို့က လာဘ်ထိုးတောင်းပန်ခဲ့ဘူးသည်။ သို့သော် ငြင်းပယ်ခဲ့သောကြောင့် သူတစ်ပါးတို့က သေကြောင်းကြံစည် သည်ကို ခံခဲ့ရသည်။ ကံကောင်းထောက်မ၍ မသေချေ။ သို့ရာ တွင် ၁၆၅၆ ခုနှစ်၌ ယဟူဒီတို့က သူ့အား ကြဉ်လိုက်ကြလေ သည်။

ထို့နောက် ဆပင်နိုဇာမှာ မိတ်ဆွေတစ်ဦးထံတွင် မှီခိုနေ ထိုင်၍၊ မှန်ဘီလူးများသွေးသော အလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းလျက် အေးဆေးစွာနေခဲ့၏။ ယင်းပညာကို သူသည် အတော်ပင် ကျွမ်းကျင် တတ်မြောက်ခဲ့လေသည်။ ထိုစဉ်က ဟော်လန်ပြည်သည် လွတ်လပ်စွာ တွေးတောကြံဆလိုသူများ၏ ခိုလှုံရာ ဖြစ်ခဲ့၏။ သို့ဖြစ်ရာ၊ ဆပင်နိုဇာသည် ထိုလွတ်လပ်စွာ တွေးတောတတ်သူ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရခဲ့လေသည်။ သူသည် ဒေးကတ်၏ ယထာဘူတပညာရပ်ကို အထူးသဖြင့် နှစ်သက်သဘောကျခဲ့သည်။


၁၆၆ဝပြည့်နှစ်မှ ၁၆၇၅ ခုနှစ်အထိ ဖြစ်သော အချိန်ကာလအတွင်း သူသည် 'အက်သစ်' ခေါ်နီတိကျမ်းတစ်စောင်ကို ရေးသားပြုစု ခဲ့၏။ ထိုကျမ်းတွင် သူ၏ ယထာဘူတပညာရပ်ဆိုင်ရာ အဆို များကို ဖော်ပြထားလေသည်။ သူသည် ပင်ပန်းစွာလုပ်ကိုင်စား သောက်ခဲ့ရသဖြင့် အသက်အရွယ် ငယ်ငယ်နှင့်ပင် ၁၆၇၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ အနိစ္စရောက်လေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads