ဗာလပဏ္ဍိတသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ဘုရားရှင် သာဝတ္ထိမြို့တော် ... သီတင်းသုံးတော်မူနေစဉ် ဗာလ, အသပ္ပုရိသ၏ လက္ခဏာသုံးမျိုး၊ ဗာလ အသပ္ပုရိသ၏ အကျင့်ငါးမျိုး၊ ဗာလ အသပ္ပုရိသနှင့် ပတ်ဝန်းကျင်ဆက်ဆံရေး၊ ကမ္မကာရဏ= ညှဉ်းပန်းနှိပ်စက်မှု ၂၆-မျိုး၊ ဒိဋ္ဌဓမ္မိက ဒုက္ခ ဒေါမနဿ သုံးမျိုး၊ ရေ၌ဖြစ်သော ဆင်းရဲ၊ ငရဲဆင်းရဲအမျိုးမျိုး၊ တိဏဘက္ခ တိရစ္ဆာန၊ ဂူထဘက္ခတိရစ္ဆာန၊ အန္ဓကာရိကတိရစ္ဆာန၊ ဥဒကဇာတ တိရစ္ဆာန၊ အသုစိဇာတတိရစ္ဆာန၊ တိရစ္ဆာနဒုက္ခ၊ ကာဏကစ္ဆပဥပမာ၊ မနုဿတ္တ ဒုလ္လဘ တရဖြစ်ပုံ၊ ဗာလပုဂ္ဂိုလ်၏ မနုဿတ္တလာဘ၊ အက္ခဓုတ္တဥပမာ။ ပဏ္ဍိတ၊ သပ္ပုရိသ၏ လက္ခဏာ၊ သီလ၊ ဒိဋ္ဌဓမ္မိကသုခ၊ သောမနဿသုံးမျိုး၊ တမလွန်ချမ်းသာ၊ စက္ကဝတေးမင်းအား ရတနာခုနစ်ပါးဆိုက်ရောက်ပုံ၊ ရတနာခုနစ်ပါး၏ စွမ်းအင် သတ္တိများ၊ စကြာမင်း၏ တန်ခိုးလေးမျိုး၊ စကြာမင်းနှင့် ပြည်သူများ ပဏ္ဍိတသပ္ပုရိသလူ့ဘဝ အစရှိသည့် (ဗာလအသပ္ပုရိသနှင့် ပဏ္ဍိတသပ္ပုရိသ)တို့ကို အကျယ် တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်များစွာတို့ကို ဖွင့်ပြတော်မူထားပါသည်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗာလနှင့် ပဏ္ဍိတတို့ တူညီမှုနှင့်ကွဲပြားမှုတို့ကို အကျယ်တဝင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads