ဗားကရာကျောင်း (အင်းဝ)

From Wikipedia, the free encyclopedia

ဗားကရာကျောင်း (အင်းဝ)
Remove ads

အင်းဝရှိ ဗားကရာကျောင်းသည် စည်တိုပုံ မြို့ရိုး၏ အပြင်ဘက် တတိယမြို့ရိုးအတွင်း လောကသရဖူဘုရားကြီး၏ တောင်ဘက်တွင် တည်ရှိသည်။ စတုတ္ထ အင်းဝမြို့တည် ဘကြီးတော်ဘုရား လက်ထက် မြန်မာသက္ကရာဇ်(၁၁၉၆) ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ သစ်သားကျွန်းတိုင်များဖြင့် တည်ဆောက်ထားပြီး ကျွန်းတိုင်ပေါင်း (၂၆၇)လုံး ပါရှိသည်။ အကြီးဆုံး ကျွန်းတိုင်၏ လုံးပတ်သည် (၉') ရှိသည်။ ဗားကရာကျောင်းမှာ အကျယ်အဝန်းအားဖြင့် အလျား ၁၈၈'၊ အနံ ၁၀၃' ရှိ သစ်သားကျောင်းကြီး ဖြစ်သည်။ ယခုအခါ တွေ့မြင်နိုင်ရန် အလွန်ရှားပါးသော ရှေးဟောင်းဗိသုကာ လက်ရာများကို တွေ့မြင်နိုင်သည်။ ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းသူ၏ အမည်ကို တိကျစွာ မသိရှိရပေ။ ကျောင်းတော်ကြီး၏ ဘေးပတ်လည်တွင် အုတ်လှေကား ငါးစင်း တပ်ဆင်ထားသည်။ ပြာသာဒ်ဆောင်၌ ကိန္နရာရုပ်တုများ၊ ပွတ်လုံးများ၊ နတ်ရုပ်များဖြင့် တန်ဆာဆင်၍သော်လည်းကောင်း၊ အတွင်းဆောင်လက်ရန်းများ၌ ဒေါင်းရုပ်များ၊ ပွတ်လုံးများ၊ လက်ရန်းထိပ်ပိုင်းတွင် ခြင်္သေ့ကိုယ်၊ ဘီလူးခေါင်းပုံ ရုပ်တုများဖြင့်၎င်း တန်ဆာဆင်ထားသည်။

Thumb
ဗားကရာကျောင်း (အင်းဝ)
Thumb
ဗားကရာကျောင်း၏ သမိုင်း ဆိုင်းဘုတ်

ဒုတိယကမ္ဘာစစ်အတွင်းက ဤကျောင်းတော်ကြီး၏ လက်ရာအချို့ ပျက်စီးဆုံးရှုံးခဲ့သည်။ အနောက်ဘက် ဘောဂဆောင်(ခေါ်) ကျက်သရေတိုက်မှာ မီးလောင်ပျက်စီးခဲ့သည်။ ကျောင်းတော်ကြီး၏ အမိုးမှာ မူလလက်ရာမဟုတ်ဘဲ စစ်မဖြစ်မီက အလှူရှင်တစ်ဦးမှ သွပ်မိုးလှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ၁၉၉၈-ခုနှစ်က ယိမ်းယိုင်ခဲ့သည့် ကျောင်းတိုင်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦး

စီးဌာနက တည့်မတ်ထိန်းသိမ်းခဲ့သည်။ မြေဝင်ကျောင်းတိုင်များကို ယိုင်လဲမှု မဖြစ်စေရန် တိုင်ခြေတွင် အုတ်၊ အင်္ဂတေ တို့ဖြင့် ထိန်းသိမ်းထားရှိသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆွေးနေသော ကြမ်းခင်း၊ ဆင့် ယက်မများကို လဲလှယ်ခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads