ဗိသုကာပညာ ပရစ်စကာဆု
ဗိသုကာဆိုင်ရာ ဆု From Wikipedia, the free encyclopedia
Remove ads
ဗိသုကာပညာပရစ်စကာဆု (အင်္ဂလိပ်: Pritzker Architecture Prize)ကို အမေရိကန်၊ ချီကာဂိုပြည်နယ်မှ ဟိတ်ဖောင်ဒေးရှင်းကို တည်ထောင်သူ ပရစ်စကာမိသားစုမှ ပေးနေခြင်း ဖြစ်သည်။
သက်ရှိထင်ရှား ဗိသုကာများကို နှစ်စဉ် တစ်ဦးစီကျ စိစစ်ရွေးချယ်ပေးလာခဲ့သည်မှာ ၁၉၈၈-ခုနှစ်နှင့် ၂၀၀၁-ခုနှစ်မှာ နှစ်ဦးစီ ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။ ထူးထူးခြားခြား ၂၀၀၄-ခုနှစ်မှာ အီရတ်လူမျိုး အမျိုးသမီး ဗိသုကာ ဇဟာဟာဒစ် ကရရှိခဲ့သည်။
ဗိသုကာပညာ ပရစ်စကာဆုဟာ ဗိသုကာပညာအနုပညာဖြင့် လူနှင့်လူ့ဝန်းကျင်ကို အကောင်းဆုံးသော အဆောက်အအုံဒီဇိုင်း လက်ရာများနှင့် အကျိုးပြုနိုင်တဲ့ ဗိသုကာများကို ဆုပေးဖို့ ရည်ရွယ်ခဲ့ခြင်းပဲ ဖြစ်သည်။
ပရစ်စကာမိသားစု ယုံကြည်ချက်က ဒီအဓိပ္ပာယ်ရှိလှတဲ့ ဗိသုကာပညာပရစ်စကာဆုဟာ အဆောက်အအုံများ ဆိုတာကို လူအများ ပိုမို နားလည်လက်ခံလာစေဖို့အပြင် ဗိသုကာပညာ သက်မွေးဝမ်းကျောင်း ပတ်ဝန်းကျင်မှာ ဗိသုကာတို့ကို ဖန်တီးမူ စိတ်ကူးစွမ်းအားများ ပိုမို ဖော်ထုတ်လာနိုင်စေဖို့အတွက် တွန်းအားများ၊ လူံ့ဆော်မူများပေးနိုင်လာလိမ့်မယ်လို့ ပဲ ဖြစ်သည်။
ဆုရမယ့်သူကို ရွေးချယ်ဖို့ အကဲဖြတ်လူကြီးတွေက ဗိသုကာပညာ၊ ယဉ်ကျေးမူ၊ စီးပွားရေး၊ ပညာရေးနှင့် ထုတ်ဝေရေး လုပ်ငန်းများတွင် နိုင်ငံတကာက အသိအမှတ်ပြုခံထားရသော ပညာရှင်များ ဖြစ်သည်။
ပရစ်စကာဆုအဖြစ် ခေတ်သစ်ဗိသုကာ၏ ဖခင်ကြီးဟု ခေါ်နိုင်သည့် ဗိသုကာ လူးဝစ်ဆလီဗင်၏ အမှတ်တရ ကြေးတံဆိပ် တစ်ခုနှင့် ငွေသား ဒေါ်လာတစ်သိန်းကို ပေးခဲ့ပါတယ်။
ပရစ်စကာဆုပေးပွဲ၏ ထူးခြားမူတခုကတော့ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အထင်ကရ အဆောက်အအုံတွေမှာ ဆုပေးပွဲအခမ်းအနား ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်၊ များသောအားဖြင့် ပြတိုက်တွေ၊ အထင်ကရ အနုပညာပြခန်းတွေ၊ ကျော်ကြားသော ရှေးဟောင်း အဆောက်အအုံ စတာတွေမှာပါ။
နောက်ထပ်ထူးခြားမူတခုကတော့ ဆုပေးပွဲကျင်းပတဲ့နိုင်ငံရဲ့ သမ္မတ ဒါမှမဟုတ် နိုင်ငံအကြီးအကဲတွေ တက်ရောက်ပြီး မိန့်ခွန်း ချီးမြှင့် ပေးခြင်းပဲ ဖြစ်ပါတယ်။
(၁၉၉၈) ခုနှစ်မှာ ဆုရခဲ့တဲ့ ဗိသုကာ ရင်ဇိုပီယာနိုအတွက် ဆုပေးပွဲ အခမ်းအနားကို အိမ်ဖြူတော် မှာကျင်းပပြီး သမ္မတကလင်တန်နဲ့ ဇနီးဟီလာရီကလင်တန်တို့ တက်ရောက်ပြီး မိန့်ခွန်း ပြောခဲ့ပါတယ်။ (၂၀၀၀) ခုနှစ် ဗိသုကာ ရင်ကူးဟတ်စ် အတွက် အခမ်းအနား ကတော့ ဂျေရုစလင် ရှေးဟောင်းအဆောက်အအုံများရှိရာ ဟင်းလင်းပြင်ပြခန်းမှာ ပြုလုပ် ခဲ့တယ်။
ပြီးခဲ့တဲ့ (၂၀၀၈)ခုနှစ်မှာ ဆုရတဲ့ ဗိသုကာ ဂျင်းနိုဗယ်လ်ကို ပေးတဲ့အခမ်းအနားနေရာကတော့ ဝါရှင်တန်ဒီစီ၊ သောမတ်စ် ဂျက်ဖာဆန် အဆောက်အအုံတခုမှာပါ။
(၁၉၇၉) ခုနှစ်မှစ၍ ဆုကိုပေးလာခဲ့ရာမှာ ပြီးခဲ့တဲ့ (၂၀၀၈) ခုနှစ်အထိ ဆုရရှိသူပေါင်း (၃၂) ယောက်ရှိခဲ့ပြီဖြစ်ပါတယ်။
Remove ads
ပြင်ပလင့်ခ်များ
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် Pritzker Prize winners
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads