မိုး၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

From Wikipedia, the free encyclopedia

Remove ads

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုး ကို ၂၁ မတ် ၁၉၁၈ ခုနှစ်တွင် ရန်ကုန်မြို့၌ ဦးဖိုးမှီ၊ ဒေါ်အေးတင် တို့မှ ဖွားမြင်သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ ငယ်နာမည် မောင်မောင် ဖြစ်ပြီး ကျောင်းနာမည် ခင်မောင်ဆွေ ဖြစ်သည်။ တို့ဗမာအစည်းအရုံးဝင် သောအခါ သခင်အေးမောင် ဖြစ်လာခဲ့သည်။ ဂျပန်အမည်မှာ မိဇူနိုဆာဘူရို ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်မိုး ဖြစ်လာခဲ့သည်။

အချက်တိုများ ဗိုလ်မိုး, မွေးသက္ကရာဇ် ...
Remove ads

ကျောင်းသားဘဝ နှင့် ပညာရေးရာ

ပျဉ်းမနားမြို့ အေဘီအမ် ကျောင်းတွင် စတုတ္ထတန်း အထိ ပညာသင်ကြား ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ အလုံရပ် ကူရှင်ကျောင်းတွင် ဒသမတန်းအထိ ဆက်လက် ပညာသင်ကားခဲ့သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလအတွင်း ၂၀ ဒီဇင်ဘာ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အပါအဝင် ရန်ကုန်မြို့ရှိ ကျောင်းပေါင်းစုံ ကျောင်းသားထု အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံး) ကို ဝိုင်း၍ သပိတ်တား ဆန္ဒပြရာတွင် မောင်အေးမောင်သည် ကူရှင်ကျောင်းသားများ သမဂ္ဂကို ဦးဆောင်ကာ ပါဝင်ခဲ့သည်။

Remove ads

အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်

၁၉၃၉ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်း သခင်မြ တို့ဗမာ အစည်းအရုံး သို့ ဝင်ရောက်၍ နိုင်ငံရေး ဆောင်ရွက်ခဲ့သည်။ မြေနီကုန်း တို့ဗမာ အစည်းအရုံးကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန် စေလွှတ်သည့် မြန်မာမျိုးချစ်လူငယ် ပထမ အသုတ်နှင့်အတူ ၁၀ မတ် ၁၉၄၁ ခုနှစ်တွင် ရွှန်းတင်းမာရူး သင်္ဘော ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၇ မတ် ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။ ထိုမှတဆင့် ၁၉၄၁ ခုနှစ် ဧပြီတွင် စစ်ပညာ သင်ကြားရန် တိုင်ဝမ်ကျွန်းမှ တဆင့် ဟိုင်နန်ကျွန်းသို့ သွားရောက်ခဲ့သည်။ ဟိုင်နန်ကျွန်းတွင် စစ်ပညာ သင်ကြားခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ်နှင့် မော်လမြိုင် စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်ကာ ဗြိတိသျှ စစ်တပ်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်။ ဗိုလ်မိုးသည် ဖူးကြီးတွင် ဗြိတိသျှတပ်များနှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားရာ တပ်ဦးမှ အမိန့်ပေးနေစဉ် ရန်သူ၏ ကျည်သင့်၍ ၈ မတ် ၁၉၄၁ ခုနှစ်တွင် ကျဆုံးခဲ့သည်။

Remove ads

ဆုတံဆိပ်ရေးရာ

၂၇ မတ် ၁၉၅၉ ခုနှစ်တွင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုနောက်ဆုံး ကဏ္ဍ၌ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်က ကျေးဇူးဆပ်ခြင်း အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယဆင့်) တံဆိပ် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

ဘဝနိဂုံး

၈ မတ် ၁၉၄၂ ခုနှစ် ဖူးကြီးတိုက်ပွဲတွင် ကျဆုံးခဲ့သည်။ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေး အတွက် ဗမာ့လွတ်လပ်ရေး တပ်မတော်ဌာနချုပ် နှင့် မော်လမြိုင်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်ကာ နယ်ချဲ့ ဗြိတိသျှ တပ်များကို တိုက်ခိုက်ရာ၌ စစ်မြေပြင်တွင် အာဇာနည် သူရဲကောင်း ပီသစွာ ကျဆုံးသွားသော ဒုတိယမြောက် ရဲဘော်သုံးကျိပ်ဝင် ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads