ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်)
From Wikipedia, the free encyclopedia
Remove ads
သခင်အောင်သိန်း (ခေါ်) ဗိုလ်ရဲထွဋ်သည် ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်သည်။ ဗိုလ်ရဲထွဋ်ကို အဖ ဦးဖိုးလွင် (လက်သမား) နှင့် အမိ ဒေါ်စောရှင် (ခြံတောင်သူ/ဈေးသည်) တို့က ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ ၊ တာမွေလေး၌ မွေးဖွားခဲ့ပြီး မွေးချင်း ခြောက်ဦးအနက် အငယ်ဆုံးဖြစ်ကာ ငယ်နာမည်မှာ အောင်သိန်း ဖြစ်သည်။
ငယ်စဉ်က ကန်တော်လေး မြူနီစပါယ်ကျောင်း၊ ဗျိုင်းရေအိုးစင်ကျောင်း တို့တွင် ပညာသင်ကြားခဲ့ပြီး ကန်တော်လေး မြူနီစပါယ် အထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။
၁၉၄၁ ခုနှစ်တွင် သခင်အောင်ဆန်း ဦးဆောင်သော မြန်မာလူငယ်အဖွဲ့ ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားရောက်ရာ၌ ဒုတိယအသုတ်တွင် လိုက်ပါခဲ့ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ဖွဲ့စည်း ချိန်မှစ၍ လွတ်လပ်ရေးရပြီးချိန် အထိ စစ်မှု ထမ်းဆောင်ခဲ့သည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ ယာယာရှိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်အမည်မှာ ဗိုလ်ရဲထွဋ် ဖြစ်သည်။
လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဩဂုတ်လတွင် ဦးနုအစိုးရကို ဆန့်ကျင်ရန် တောခိုခဲ့ပြီး ၁၉၆၃-ခုနှစ်၊ မေလ(၂၁)ရက်နေ့တွင် အလံဖြူ ကွန်မြူနစ်ပါတီ ထိပ်သီးခေါင်းဆောင် ဗိုလ်ရဲထွဋ်သည် ဗိုလ်ချုပ်ကြီးနေဝင်းထံ တရားဝင် လက်နက်စွန့်၍ အလင်းဝင်ခဲ့သည်။ [၁]
၁၉၆၄ ခုနှစ်မှစ၍ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင် မျိုးချစ်ရဲဘော်ဟောင်းများ ဖွဲ့စည်းသည့်အခါ နာယကအဖြစ် တာဝန်ယူခဲ့သည်။ သို့သော် ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် အာဏာနိုင်ငံရေး မလုပ်ဟု ဆုံးဖြတ်ကာ အဆိုပါအဖွဲ့မှ နုတ်ထွက်ခဲ့ပြီး မည်သည့်နိုင်ငံရေး အဖွဲ့အစည်း တွင်မှ ဝင်ရောက်လုပ်ကိုင်ခြင်း မရှိတော့ပေ။
Remove ads
နောက်ဆုံးကျန် ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်ရဲထွဋ် (သခင်အောင်သိန်း)သည် ၂၀၁၃-ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့ (အမျိုးသားနေ့) ညက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ သုခကမ္ဘာ အထူးကုဆေးခန်းတွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီဖြစ်ပြီး သား နှစ်ဦး၊ မြေး လေးဦးနှင့် မြစ် နှစ်ဦး ကျန်ရစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads