ဗီတာမင်

From Wikipedia, the free encyclopedia

Remove ads

ခန္ဓာကိုယ်၌ လိုအပ်သော အာဟာရဓာတ်တစ်မျိုးကို ဗီတာမင်ဟု ခေါ်ကြသည်။ ဗီတာမင်ဟူသောဝေါဟာရမှာ အသက်ရှင်နေရန်ကိစ္စတွင် အလွန်အရေး ကြီးသော ပစ္စည်း (သို့မဟုတ်)သက်စောင့်ပစ္စည်း ဟူ၍ အဓိပ္ပာယ်ရသည်။ ယင်းဗီတာမင်ဓာတ် ကို ၁၉၁၁ ခုနှစ်ကမှ ပိုလန်လူမျိုးဓာတုဗေဒပညာရှင်ကစီမာဖန့် ဆိုသူက စတင်တွေ့ရှိ၍ အမည်ပေးထားခြင်း ဖြစ်သည်။ ၂ဝ ရာစုနှစ်အစတွင် ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်ကြီးများသည် လူတို့၏ ကျန်းမာရေးအတွက် ပြည့်စုံ လုံလောက် သော အစာအဟာရ ဖြစ်မြောက်ရေးအတွက် သုတေသနပြုကြ သည်။ ၁၉၁၁ ခုနှစ်တွင် ကစီမာဖန့်သည် ဖွဲနုမှ ထူးဆန်း သော ပစ္စည်းအနည်းငယ်ကို ထုတ်ယူရရှိခဲ့ပြီးနောက် ထိုပစ္စည်း ဖြင့် ဗယ်ရီ ဗယ်ရီ(ထုံနာစိုကိုယ်ဖောနာ)နှင့် ပေါ်လီနျူရိုက်တစ် (နာဗေ်ကြောများရောင်ခြင်း) ရောဂါများ ကင်းပျောက်စေနိုင် သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် အရှေ့တိုင်းသားတို့သည် ဖြူစင်အောင် ဖွပ်ထားသော ဆန်ကိုသာ အဓိက စားသောက် နေထိုင်ကြသဖြင့် ဗယ်ရီဗယ်ရီ စွဲကပ်ကြသည်ဟု အတိအလင်း ပြောဆိုနိုင်ခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads