ဗီယင်ကျန်းမြို့
လာအိုနိုင်ငံ၏ မြို့တော် From Wikipedia, the free encyclopedia
Remove ads
ဗီယင်ကျန်းမြို့ (အင်္ဂလိပ်: Vientiane; /vjɛnˈtjɑːn/; ပြင်သစ်အသံထွက်: [vjɛ̃ˈtjan]; လာအို: ວຽງຈັນ, Viang chan, IPA: [ʋíəŋ tɕàn]; ထိုင်း: เวียงจันทน์, Wiang Chan, IPA: [wiəŋ tɕan]; ခမာ: វៀងច័ន្ទ, Vieng Chan, ကိုရီးယား: 비엔티안, Bientian,)သည် လာအိုနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ကြီးဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ်အနီး မဲခေါင်မြစ်ကမ်းပါးတွင် တည်ရှိသည်။ မြန်မာကျူးကျော်မှု ဘေးအန္တရာယ်ကြောင့် ၁၅၆၃ ခုနှစ်တွင် ဗီယင်ကျန်းမြို့မှာ မြို့တော်ဖြစ်လာခဲ့သည်။[၂] ဗီယင်ကျန်းမြို့မှာ ပြင်သစ်များအုပ်ချုပ်ခဲ့စဉ်က အုပ်ချုပ်ရေးမြို့တော်ဖြစ်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကြောင့် ယခုအခါ လာအိုနိုင်ငံ၏ စီးပွားရေးအချက်အချာ နေရာတစ်ခုဖြစ်သည်။
Remove ads
ဗီယင်ကျန်းမြို့ရှိ ခန့်မှန်းလူဦးရေစာရင်းမှာ ၇၆၀,၀၀၀ (၂၀၁၅) ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ နှစ် ၅၀ မြောက်အဖြစ် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။
Remove ads
အမည်ရင်းမြစ်
မြို့၏ နာမည်မှာ ထေရဝါဒ ဗုဒ္ဓဘာသာ၏ ပါဠိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးလာအိုဘာသာစကား အရေးအသားအရ မြို့နာမည်၏ အဓိပ္ပာယ်မှာ "စန္ဒကူးမြို့" ဖြစ်သော်လည်း လက်ရှိလာအိုဘာသာစကား အရေးအသားအရ ဗီယင်ကျန်း၏ အဓိပ္ပာယ်မှာ ရေရေရာရာမရှိပေ။
လာအိုနိုင်ငံသားများက မြို့အမည်အဓိပ္ပာယ်မှာ "လစန္ဒာမြို့" ဟု ဆိုကြပြီး၊ အချို့များကမူ "စန္ဒကူးမြို့" က အမှန်ဖြစ်ကြောင်း ဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် "လ" (moon) (သင်္သကရိုက်ဘာသာရှိ chandra चन्द्र မှ ຈັນ ချန် သို့မဟုတ် ຈັນທຣ໌ စန္ဒြ) နှင့် "စန္ဒကူး" (သင်္သကရိုက်ဘာသာရှိ chandana चन्दन မှ ຈັນ သို့မဟုတ် ຈັນທນ໌) တို့မှာ လက်ရှိခေတ် လာအိုဘာသာစကားရှိ "chan ချန်" စကားလုံးနှင့် ရေးသားပုံနှင့် အသံထွက် တူနေသောကြောင့်ဖြစ်သည်။ မြို့အမည်ကို ထိုင်းဘာသာစကား (เวียงจันทน์ ဝီယင်ချန် ) နှင့် ခမာဘာသာစကား (វៀងចន្ទន៍) တို့ဖြင့်ရေးသားရာတွင် အဓိပ္ပာယ်အရ "စန္ဒကူးမြို့" ဟုသာ ညွှန်းဆိုလျက်ရှိခြင်းက "စန္ဒကူးမြို့" အမည်မှာ အမှန်ဖြစ်ကြောင်း ပညာရေးနှင့် သမိုင်းဆိုင်ရာ ရင်းမြစ်များက အခိုင်အမာဆိုကြသည်။
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads