ဗီးနပ်စ် (ဒဏ္ဍာရီ)
From Wikipedia, the free encyclopedia
Remove ads
ဗီးနပ်စ် (/ˈviːnəs/, ဂန္ထဝင်လက်တင်စာပေ /ˈwɛnʊs/) သည် ချစ်မေတ္တာ ၊ အလှအပတရား ၊ လိုအင်ဆန္ဒ ၊ မေထုန် ၊ မျိုးအောင်ခြင်း ၊ တိုးတက်ကြီးပွားခြင်း နှင့် အောင်ပွဲတို့ကို ဆောင်ကြဉ်းသော ရောမဒေဝီ တပါး ဖြစ်သည်။ ရောမဒဏ္ဍာရီ အရ ရောမတိုင်းသားတို့၏ ဘိုးဘေးဘီဘင်ဖြစ်ပြီး သူမ၏သားမှာ ထရွိုင်မြို့ကျဆုံးရာတွင် လွတ်မြောက်ပြီး အီတလီသို့ ထွက်ပြေးသည့် အေးနိယစ် ဖြစ်သည်။ ဂျူးလိယက်စ်ဆီဇာက သူမအား ၎င်း၏ ဘိုးဘေးဘီဘင်အဖြစ် ပြောဆိုသည်။ ဘာသာရေးပွဲတော်များစွာတွင် အဓိကကျသည့်နေရာမှပါဝင်ကာ ရောမဘာသာရေး ဂိုဏ်းအမျိုးမျိုးတို့၏ အလေးအမြတ် ပြုခြင်းခံရသည်။
ရောမတိုင်းသားတို့က ရောမအနုပညာနှင့် လက်တင်စာပေများအတွက် အဆင့်တူ ဂရိဒေဝီ အဲဖရာဒိုက်တီ၏ ဒဏ္ဍာရီနှင့် ရုပ်ပုံအမှတ်အသားများအား မှီငြမ်းခဲ့သည်။ နှောင်းခေတ် အနောက်တိုင်းဂန္ထဝင်ရိုးရာတွင် ဂရိ-ရောမ ဒဏ္ဍာရီ (ဂန္ထဝင်ဒဏ္ဍာရီ) လာ ချစ်မေတ္တာနှင့်မေထုန် ဒေဝီနတ်ဘုရားမအဖြစ် အများဆုံးညွှန်းဆိုခံရသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads